ချမ်းအေးသာစံမြိုနယ်တွင် မဟာအောင်မြေမြို့နယ် လမ်း/တံတားအဖွဲ့က ကမ်းနားလမ်းဆိပ်ကမ်း သာယာလှပရေးနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်စဥ် မြေတူးစက်ဖြင့် တူးဖော်ရာမှ ရှေးဟောင်း အမြောက်တစ်လက် တူးဖော်တွေ့ရှိ

ဩဂုတ် ၂၃

         ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ ချမ်းအေးသာစံမြိုနယ်၊ ဒေးဝန်း အနောက်ရပ်ကွက် ၊ အကွက် (၃၂၂)၊ အထက်ကမ်းနားလမ်း၊ ၃၄×၃၅ လမ်းကြားတွင် ကမ်းနားလမ်းဆိပ်ကမ်း သာယာလှပရေးနှင့် ဆက်စပ်လုပ်ငန်းများအတွက် မဟာအောင်မြေမြို့နယ် လမ်း/တံတားအဖွဲ့က လမ်းဘေးပလပ်ဖောင်း ပြုလုပ်နေစဥ် (LONKING) စက် အမျိုးအစား‌ မြေတူးစက် မောင်နှင်သူ ဦးရန်နောင်စိုး သည် မြေတူးရာမှ  အရှည် ၇ ပေခွဲ၊ အချင်း ၁ ပေခွဲ ၊ ပြောင်းဝ ၁ ပေ၊၁ လက်မခန့်၊ အလေးချိန် ၂၀၀ ပိဿာခန့်ရှိ ရှေး ဟောင်း သံအမြှောက် ၁ လက် တွေ့ရှိခဲ့သည်။

        အဆိုပါ ရှေးဟောင်း အမြောက်ကို တူးဖော်ရရှိကြောင်း နယ်မြေခံတပ်မတော်လုံခြုံရေးအဖွဲ့သို့ အကြောင်းကြားခဲ့ရာ ၎င်းအမြောက်ကို ယာဥ်မောင်း ဦးမျိုးသန့်အောင် မောင်းနှင်သည့် MDY – 12 5R- 2054 (CLW HOWO) ကရိန်းယာဥ်ဖြင့် ယနေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် အလယ်ပိုင်းတိုင်းစစ်ဌာချုပ်သို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN