ARSA အကြမ်းဖက်အဖွဲ့က ပြန်ပေးဆွဲမှုများတွင် ဘင်္ဂလားဒေ့ရှ်ဒေသခံများကို ကြားခံပွဲစားအဖြစ် တာဝန်ပေးခန့်အပ်ထား

ဩဂုတ် ၂၂

       ARSA အကြမ်းဖက်အဖွဲ့က ၎င်းတို့အဖွဲ့၏ ပြန်ပေးဆွဲမှုများတွင် ဘင်္ဂလားဒေ့ရှ်ဒေသခံများကို ကြားခံပွဲစားအဖြစ် တာဝန်ပေးခန့်အပ်ထားကြောင်း Dhaka Tribune ၏ ယနေ့ထုတ် သတင်းတစ်ရပ်တွင် ရေးသားထားပါသည်။

       ARSA အဖွဲ့က တာဝန်ပေးထားသည့် ဘင်္ဂလားဒေ့ရှ်ဒေသခံ ကြားခံပွဲစားများသည် ပြန်ပေးဆွဲခံရသူ မိသားစုများနှင့် ချိတ်ဆက်ပြီး ငွေကြေးတောင်းခံမှုမျကို ပြုလုပ်နေကြခြင်း ဖြစ်ပါသည်။

      ပြန်ပေးဆွဲခံရသူများ၏ မိသားစုများအနေဖြင့် ARSA အဖွဲ့ က တောင်းခံတဲ့ ငွေကြေးပမာဏကို ပေးနိုင်မှသာ လွတ်မြောက်လာမှာဖြစ်ပြီး တစ်ချို့ပြန်ပေးဆွဲမှုများတွင် တောင်းခံငွေကြေးပေးပေမဲ့ ပြန်လည်မလွှတ်ပေးခဲ့တဲ့ အမှုများစွာလည်း ရှိနေသည်ဟု အဆိုပါ သတင်းမှာ ရေးသားထားသည်ကို တွေ့ရပါသည်။

       ARSA အကြမ်းဖက်အဖွဲ့ဝင်များမှာ ဘင်္ဂလားဒေ့ရှ် ဒေသခံများနှင့် အဆင်ပြေအောင် ပေါင်း သင်းနေထိုင်ခြင်းအားဖြင့် ဒုက္ခသည်စခန်းများကို လွှမ်းမိုးချုပ်ကိုင်ရန် အဆက်မပြတ် ကြိုးစားနေသည်ဟု ဘင်္ဂလားဒေ့ရှ်ရဲ့ တရားဥပဒေစိုးမိုးရေး သတင်းရင်းမြစ်များက ပြောပါသည်။

      လက်ရှိအချိန်တွင် ARSA အကြမ်းဖက်သမားများသည် မူးယစ်ဆေးဝါး ရောင်းဝယ်မှု အပါ အဝင် အကြောင်းအမျိုးမျိုးကြောင့် ဒေသခံများနှင့် ကောင်းမွန်သည့် ဆက်ဆံရေးများ ရှိနေခြင်းကြောင့် လုံခြုံရေးပြဿနာများ ရှိနေသည်ဟု ခြေမြန်တပ်ရင်းက အရာရှိတစ်ဦးက ပြောဆိုထားပါသည်။

        ထို့အပြင် ARSA အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့်  Ataullah နဲ့  Khaled တို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များနှင့် အရာအားလုံးကို မြန်မာနိုင်ငံကနေ ထိန်းချုပ်လုပ်ကိုင်နေတာဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးအရာရှိတွေက ပြောဆိုထားပါသည်။

#PAN