“အမေရိကန် သမ္မတဟောင်း Donald Trump အား လာမည့် သြဂုတ်လ ၂၄ရက် နေ့တွင် ဖမ်းဆီးအရေး ယူမှုများ ပြုလုပ် သွားဖွယ်ရှိနေ”

သြဂုတ် ၂၂

အမေရိကန် သမ္မတဟောင်း Donald Trump က အမေရိကန်နိုင်ငံ၏ ပြီးခဲ့သည့် ၂၀၂၀ သမ္မတ ရွေးကောက်ပွဲကို လွှမ်းမိုးမှု များပြုလုပ်နိုင်ရန် ၎င်း၏ ကြိုးပမ်းမှုများမှ ဖြစ်ပေါ်လာသည့် အခြားသော စွဲချက်များနှင့် ရင်ဆိုင်ရန် လာမည့် သြဂုတ်လ ၂၄ရက်နေ့ ကြာသပတေးနေ့တွင် ရင်ဆိုင် ရဖွယ်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့သည့် တနင်္လာနေ့တွင် Trump ၏ ပလက်ဖောင်း Truth Social ပေါ်တွင် ရေးသား ဖော်ပြခဲ့ရာတွင် သမ္မတဟောင်းအား လေးကြိမ်မြောက် စွဲချက်တင်ခဲ့သည့် ဂျော်ဂျီယာ အရာရှိ Fani Willis ၏ ပြောကြားချက်မှာ ထိုနေ့တွင် ဖမ်းဆီးခံရမည်ဖြစ်တယ်လို့ Trump က ရေးသားဖော်ပြထားပါတယ်။​

သမ္မဟောင်း Trump အား အကျည်းချမည့် အဆိုပါပြည်နယ်၏ ပင်မ ခရိုင် အကျဉ်းထောင်အနီးတစ်ဝိုက်ရှိ ဧရိယာအား ပြင်းထန်စွာ ပိတ်ဆို့သွားမည်ဖြစ်ကြောင်း Fulton County Sheriff’s Office မှ ပြီးခဲ့သည့် တနင်္လာနေ့မွန်းလွဲပိုင်းတွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။