ဩဂုတ် ၂၂
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ အထပ်သားစက်ရုံအနီးတွင် ခရီးသည်တင် Express ယာဥ်တစ်စီး ယနေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က လမ်းချော်ကာ အရှိန်လွန်တိမ်းမှောက်ခဲ့ပြီး လူတချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။
အဆိုပါယာဥ်တိမ်းမှောက်မှုဖြစ်စဥ်ကြောင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးလေးဦးနဲ့ ကလေးနှစ်ဦးတို့ မစိုးရိမ်ရဒဏ်ရာ အသီးသီး ရရှိခဲ့ကြပြီး လူနာများကို ဘီးလင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ဘီးလင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သတင်းရရှိပါသည်။
#PAN