ကော့သောင်းမြို့ နယ်၊ ခမောက်ကြီးမြို့တွင် အကြမ်း ဖက်သမား PDF အဖွဲ့က အပြစ်မဲ့ ပြည်သူတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်ဦးကို သတ်ဖြတ်သွား

ဩဂုတ် ၂၂

        တနင်္သာရီတိုင်း​ဒေသ​ကြီး၊ကော့သောင်းမြို့ နယ်၊ ခမောက်ကြီးမြို့၊ အမှတ်(၄)ရပ်ကွက်နှင့်အောင်ချမ်းသာကျေးရွာကြား ကားပျက်တောင်‌ ခြေ(ဒေသအခေါ်)ရှိ ဥယျာဉ်ခြံတွင် နေထိုင်သူ ဦးခင်မောင်ထွေးကို ယမန်နေ့ ည ၁၀ နာရီ အချိန်ခန့်တွင် အကြမ်းဖက်သမား PDF အင်အား ၃၀ ဦးခန့်က ခြံအတွင်းသို့ဝင်ရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

      အဆိုပါအကြမ်းဖက်အဖွဲ့တွင် မှတ်ပုံတင်မဲ့နက်ပြာရောင်VIGOကားတစ်စီပါရှိပြီး ဦးခင်မောင်ထွေးပိုင်ဆိုင်သော ဆိုင်ကယ်ကို အကြမ်း ဖက်သမား PDF အဖွဲ့က ယူဆောင်သွားခဲ့သည်။

        အလားတူ ယင်းနေ့ ၁၂ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ခမောက်ကြီးမြို့၊ အောင်ချမ်းသာကျေး ရွာအုပ်စု၌ ယုဇနဆီအုန်းကုမ္မဏီမှ ခမောက်ငယ်ပျိုးခင်းဇုန်တာဝန်ခံ ဦကျော်သန့်ဇင်သည် ခမောက်ငယ်ပျိုးခင်းရှိ ၎င်း၏နေအိမ်၌ ရှိ‌နေစဥ်အ​ကြ​မ်းဖက်သမား PDF အဖွဲ့ ၃၀ ဦးခန့် ရောက်ရှိလာပြီး ဦးကျော်သန့်ဇင် ကို ၎င်း နေအိမ်တွင်သတ်ဖြတ်သွား​ကြောင်း သတင်းရရှိပါသည်။

       PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည်  စစ်အာဏာရှင်တော်လှန်ရေး၊ ဒီမိုကရေးစီရရှိရေး အမည်ခံထားသော်လည်း ”ငါနဲ့မတူ ငါ့ရန်သူ” ဟူ သော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘော ထားမတူသော လက်နက်မဲ့ပြည်သူများကို ယခုလို သတ်ဖြတ်ကြကြောင်း သိရပါသည်။

#PAN