တာချီလိတ်မြို့တွင် နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့သည် လှည့်ကင်းဆောင်ရွက်နေစဉ် တာချီလိတ်မြို့၊ ခရစ်ယာန်သင်္ချိုင်းအနီးလမ်းဘေး၌ မသင်္ကာဖွယ်ရပ်ထားသော မော်တော်ယာဉ်အတွင်းမှ သေနတ် ၃ လက်နှင့်ကျည်အိမ် ၃ ခုတို့ကို သိမ်းဆည်းရမိ

ဩဂုတ် ၂၂

        ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ရှမ်း ပြည် နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် နယ်မြေလုံခြုံ ရေးပူးပေါင်းအဖွဲ့သည် လှည့်ကင်း ဆောင်ရွက်နေစဉ် တာချီလိတ်မြို့၊ ပုန်းထွန်ရပ် ကွက်၊ ကျောက်တောင်ခရစ်ယာန်သင်္ချိုင်းအနီးလမ်းဘေး၌ မသင်္ကာဖွယ်ရပ်ထားသော ယာဉ်အ မှတ်၊ 9D/2347 CRV ခဲရောင်မော်တော်ယာဉ် ၁ စီးကို တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရာ ယာဉ် မောင်း စိုင်းကျော်၊ ၄၃ နှစ်၊ (ဘ)ဦးမောင် ငယ်၊ ပန်းရံ/ ဝရိန်လုပ်၊ ဗေဒါလမ်း၊ အမှတ်(၈/၆)၊ ပုန်းထွန်ရပ်ကွက်၊ တာချီလိတ်မြို့နေသူ ဖြစ်ကြောင်း သိရသည်။

        ၎င်းနောက် အဆိုပါယာဥ်ကို ဆက်လက်ရှာဖွေရာ ယာဉ်နောက်ခန်းအတွင်း အဝါရောင်ပီနံအိတ်ဖြင့် ထုပ်ထားသော AK-47 ၁ လက်၊ AK-47 ခေါက်ဒင်(ပုံပြောင်း) ၁ လက်၊ M-22 ခေါက်ဒင် ၁ လက်၊ စုစုပေါင်း သေနတ် ၃ လက်၊ ၎င်းကျည် အိမ် ၃ ခုတို့ကို ရှာဖွေသိမ်း ဆည်းရမိခဲ့ကြောင်း သိရှိရသည်။

        လက်နက်များနှင့်အတူ ဖမ်းဆီးရမိသည့် တရားခံ စိုင်းကျော် အား စစ်ကြောရာ လက်နက်များကို ၎င်း၏ သူငယ်ချင်းဖြစ်သူ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊စိုးမိုးပိုင်ဆိုင်သောကုန်ပစ္စည်းများ သိုလှောင်သည့်ဂိုထောင်တွင် နေထိုင်သူ နေလင်းစိုး(ခ)ဂျစ်တူးမှ ဩဂုတ်လ ၂၀ ရက်နေ့ ည ၉ နာရီချိန်ခန့်တွင် ၎င်း၏ ကားအတွင်း သိမ်းဆည်းထားရန် ပေးအပ်ထားသော ပစ္စည်းများဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့်
နေလင်းစိုး(ခ)ဂျစ်တူး၊ ၂၆ နှစ်၊ (ဘ)ဦး ခင်မောင်ကြည်၊ ယာဉ်မောင်း၊ မြို့မရပ်ကွက်၊ တောင်ကြီး မြို့နေသူကို ပူးပေါင်းအဖွဲ့မှ လိုက်လံ စုံစမ်းဖမ်း ဆီးရာ ယမန်နေ့ ၂ နာရီခွဲအချိန်တွင် စိုးမိုးပိုင်ဆိုင်သော ကုန်ပစ္စည်းများသိုလှောင်သည့် ဂိုထောင်အတွင်း ရပ်ထားသည့် ၁၂ ဘီးယာဉ်ပေါ်မှ နေလင်းစိုး(ခ)ဂျစ်တူးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

        တရားခံနေလင်းစိုး(ခ)ဂျစ်တူးကို စစ်ကြောရာ ဖမ်းဆီးရမိလက်နက်များမှာ ၎င်း၏ ဦးလေးဝမ်းကွဲ တော်စပ်သူ စိုင်းစိုး မှ ၎င်းထံသို့ ဖုန်းဖြင့် ဆက်သွယ်၍ သေနတ် ၃ လက်ကို ၎င်းထံ နမ့်စန်မြို့သို့ သယ်ဆောင်လာပေးရန်နှင့် ၎င်းတို့အဖွဲ့ပိုင် သေနတ်များဖြစ်ကြောင်း၊ ၎င်း သေနတ်များကို ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၁၂ ခွဲအချိန်ခန့်တွင် ၎င်းနေထိုင်သည့် ဂိုထောင်အရှေ့လမ်းကြားသို့ အမည်မသိ လူ ၁ ဦးက ယာဉ်အမှတ်(မမှတ် မိ) Vigo အဖြူရောင်ယာဉ်ဖြင့် လာရောက်ပို့ ဆောင်ပေးခဲ့ကြောင်း၊ စိုင်းစိုး သည် နမ့်စန်မြို့ရှိ ဟိုမိန်းဌာနေပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးဖြစ် ကြောင်း သတင်းရရှိပါသည်။

     ဖမ်းဆီးရမိတရားခံ စိုင်းကျော် နှင့် နေလင်းစိုး (ခ)ဂျစ်တူး တို့ကို လက်နက်ဥပဒေ ပုဒ်မ -၂၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

#PAN