KNU နှင့် PDF အဖွဲ့က မိုင်းဆွဲဖျက်ဆီးခဲ့သော ရန်ကုန် – မန္တလေး မီးရထားလမ်းအားပြုပြင်ပြီးစီး၍ ရထားများ ပြန်လည်ပြေးဆွဲခြင်း စတင်

ဩဂုတ် ၂၁

       ပြည်ပြေးအကြမ်းဖက်အဖွဲ့ဖြစ်သော NUG ၏လက်အောက်ခံ KNU နှင့် PDF အဖွဲ့က မိုင်းဆွဲဖျက်ဆီးခဲ့သော မီးရထားလမ်းအား နိုင်ငံတော်အစိုးရမှအချိန်နှင့်တပြေးညီပြန်လည်ပြုပြင်ပြီး၍  ရန်ကုန်-မန္တလေးမီးရထားခရီးစဉ်များအားလုံးကို သြဂုတ် ၂၀ ရက်မှစ၍ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းက ထုတ်ပြန်ကြေညာထားကြောင်းသိရသည်။

       ဩဂုတ် ၁၈ ရက်နေ့ နံနက် ၉ နာရီခန့်က မန္တလေးမှရန်ကုန်သို့ မောင်းနှင်လာသည့် ကုန်ပစ္စည်းတင်ကွန်တိန်နာများတင်ဆောင်လာသော မီးရထားတစ်စင်းသည် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့ နှင့် ကညွတ်ကွင်းမြို့ကြား၌ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည့်အတွက် ရထားလမ်းပိုင်းပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီးနောက် ပြန်လည်ပြုပြင်မှုများ ဆောင် ရွက်ရန် ရထားပြေးဆွဲမှုကို သုံးရက်ကြာရပ်နားခဲ့ရပြီး အခင်းဖြစ်ရာသို့ နိုင်ငံတော်အဆင့်တာဝန်ရှိသူများမှ ကွင်းဆင်းကွပ်ကဲ ကြီးကြပ်၍ အချိန်နဲ့တပြေးညီ ပြုပြင်ခဲ့ပြီး ယခုအခါ ရန်ကုန် – မန္တလေး မြန်မာ့မီးရထားခရီးစဉ်များကို ပုံမှန်ပြေးဆွဲနေပြီဖြစ်ကြောင်းသတင်းရရှိပါသည်။

           ပဲခူးတိုင်းဒေသကြီး(အရှေ့)ခြမ်းရှိ မြို့နယ်များတွင် KNU နှင့် PDF အဖွဲ့များက အကြမ်း ဖက်လုပ်ငန်းများအားနေ့စဉ်လုပ်ဆောင်နေပြီး အများပြည်သူအသုံးပြုသော မီးရထားလမ်းများနှင့် မီးရထားများကို မကြာခဏ ဗုံးခွဲတိုက်ခိုက်ခြင်း၊ အဓိကလမ်းတံတားများအား မိုင်းခွဲခြင်း၊နိုင်ငံရေးရပ် တည်ချက်မတူညီသူများကို  လုပ်ကြံသတ်ဖြတ်ခြင်း၊ နေအိမ်များမီးရှို့ခြင်း၊ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများအားဗုံးကြဲခြင်း၊ ကျေးရွာများအတွင်း ဒရုန်းဗုံးကြဲချခြင်း ၊ဆက်ကြေးများကောက်ခံခြင်း ၊ ကျောင်းသား/ ကျောင်းသူများအား ကျောင်းမတက်နိုင်ရေးအတွက်ခြိမ်းခြောက်ခြင်း ၊စာသင်ကျောင်းများအား ဗုံးကြဲတိုက်ခိုက်ခြင်း ၊လျှပ်စစ်ဆက်သွယ်ရေးတာဝါတိုင်များကို မိုင်းခွဲ ဖျက်ဆီးခြင်း ၊ ဖုံးအော်ပရေတာဆက်သွယ်ရေးတာဝါတိုင်များကို  ဖောက်ခွဲခြင်းတို့ကို မကြခဏ လုပ်ဆောင်လျှက်ရှိကြောင်း သိရပါသည်။

#PAN