“တောင်တရုတ်ပင်လယ်တွင် အမေရိကန်၊ ဂျပန် နှင့် သြစတြေးလျ နိုင်ငံတို့ ပါဝင်သည့် ရေကြောင်း စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်သွား ဖွယ်ရှိနေ”

သြဂုတ် ၂၁

အမေရိကန်နိုင်ငံ ၊ ဂျပန်နိုင်ငံ နှင့် ဩစတြေးလျနိုင်ငံ တို့သည် အငြင်းပွားမှုများရှိနေသည့် ရေပိုင်နက်အတွင်း တရုတ်နိုင်ငံ က ရန်စမှုများကို မကြာသေးမီက ပြသခဲ့ပြီးနောက် အဆိုပါ ဒေသတွင်း တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကတိကဝတ် များကို အလေးပေးဖော်ပြနိုင်ရန် ယခု သီတင်းပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံ အနောက်ဘက်ပိုင်းရှိ တောင်တရုတ်ပင်လယ်တွင် ပူးတွဲရေတပ်လေ့ကျင့်မှု ပြုလုပ်ရန် စီစဉ်နေကြကြောင်း တာဝန်ရှိသူများက ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

ဩဂုတ် ၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် တရုတ် ကမ်းခြေစောင့် သင်္ဘောများက ဖိလစ်ပိုင် နိုင်ငံ၏ သင်္ဘောများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အဆိုပါ အငြင်းပွားမှုများသည် ဖြစ်နိုင်ချေရှိသော အချက်ပြမီးတောက်တစ်ခုအဖြစ် ဒေသတွင်း၌ အမေရိကန်နှင့် တရုတ်အကြား ပြိုင်ဆိုင်မှု တစ်ခုဖြစ်လာသည့် အငြင်းပွားဖွယ်ရာ ရေလမ်းကြောင်းဖြစ်လာခဲ့ပါတယ်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုများတွင် လေယာဉ် နှင့် ရဟတ်ယာဉ်တင် သင်္ဘော၃ စင်းတို့ အတူတကွ ရွက်လွှင့်သွားကြမည်ဖြစ်ပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားကြမည်ဖြစ်ပါတယ်။

ကမ်းလွန် စစ်ရေးလေ့ကျင့်မှုအပြီးတွင် အမေရိကန်-ဂျပနိ-သြစတြေးလျ ရေတပ် တပ်မှူးများသည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် တွေ့ဆုံရန် စီစဉ်ထားကြောင်းကိုလည်း ဖိလစ်ပိုင်လုံခြုံရေး အရာရှိနှစ်ဦးက ပြောကြားထားပါတယ်။