ညောင်ဦးမြို့နယ်၊ အရှေ့ဖွားစောကျေးရွာရှိ နေအိမ် တစ်ခုအတွင်း အကြမ်းဖက်သမား PDF ၆ ဦး ဝင်ရောက်လာပြီး သေနတ်ဖြင့် ခြိမ်းခြောက်ကာ ငွေသား၊ ဆိုင်ကယ် ၂ စီး၊ ကား တစ်စီး တို့ကိုယူဆောင်သွား

ဩဂုတ် ၂၁

       ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အရှေ့ဖွားစောကျေးရွာရှိ ဦးသိန်းနိူင်၊၅၁နှစ်၊(ဘ)ဦးသန်းရွှေ၊ဆောက်လုပ်ရေးလုပ်ငန်း၊အရှေ့ဖွားစောကျေးရွာ၊ဖွားစောကျေးရွာအုပ်စု၊ညောင်ဦးမြို့နယ်နေသူ ပိုင်ဆိုင်သော ငွေသား၊ ကယ် ၂ စီး၊ ကား တစ်စီး တို့ကို အကြမ်းဖက်သမား PDF ၆ ဦးက သေနတ်ဖြင့်ခြိမ်းခြောက် ယူဆောင်သွားခဲ့ကြောင်း သိရ
သည်။

         ဖြစ်စဥ်မှာ ဦးသိန်းနိူင်သည် နေအိမ်တွင် ဇနီးဖြစ်သူ ဒေါ်ဆွေဆွေမြင့်၊၄၈နှစ်၊(ဘ)ဦးခင်မောင်မြင့်နှင့် တူဖြစ်သူ ကိုဝင်းမင်းထွန်း၊၃၀နှစ်၊(ဘ)ဦးသိန်းထွန်းတို့ ၂ ဦးတို့နှင့် ရှိနေစဥ် မျက်နှာတွင် MASK အုပ်ထားကာ သေနတ်အတိုများကိုင်ဆောင်ထားသည့် အကြမ်းဖက်သမား ၆ ဦးခန့်က ဆိုင်ကယ် ၃ စီးဖြင့်ရောက်ရှိလာပြီး နေအိမ်အတွင်းဝင်ရောက်လာကာ ကိုဝင်းမင်းထွန်းအား သေနတ်ဖြင့် ထောက်၍ နေအိမ်ရှေ့ရှိကွပ်ပျစ်ပေါ်တွင် ထိုင်ခိုင်းပြီး ”မလှုပ်နဲ့၊မော့လည်းမကြည့်နဲ့” ဟု ပြောဆိုပြီး အကြမ်းဖက်သမားများက နေအိမ်အတွင်းဝင်ရောက်ကာ CCTV နှင့်ချိတ်ဆက်ထားသည့် ၃၂လက်မ TV ၃လုံး၊ Desktop ၂ လုံးတို့ကို ရိုက်ခွဲဖျက်ဆီးခဲ့ပါသည်။

        ၎င်းနောက် အံဆွဲအတွင်းရှိ ငွေသား သိန်း ၄၀ ကျပ်ခန့်၊ Honda Scoopy အနက်ရောင်ဆိုင်ကယ် ၁စီး၊71W/73401 Wave Alpha ဆိုင်ကယ် ၁စီး၊YGN-4 2F/3193၊TOYOTA COROLA X အဖြူရောင်ကားတို့အား ယူဆောင်သွားခဲ့ပြီး အကြမ်းဖက်သမားများ မောင်းနှင်လာသည့် ၂၂ယ/၆၃၂၄၄ Dream အနက်ရောင်ဆိုင်ကယ်အား ထားခဲ့ကာ ထွက်ပြေးသွားခဲ့သည်။

       ဖြစ်စဥ်ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ လုံခြုံ ရေးတာဝန်ရှိသူများမှ အကြမ်းဖက်တရားခံများ ဖမ်းဆီးရမိရေး လိုက်လံရှာဖွေခဲ့ရာ မွန်းတည်  ၁၂ အချိန်ခန့်တွင် အကြမ်းဖက်သမားများ မောင်းနှင် ယူဆောင်သွားသည့် ကားကို ပုဂံမြို့၊အာနန္ဒာဘုရားနှင့်ဓမ္မရံကြီးဘုရားကြား တွင်ပြန်လည်တွေ့ရှိ သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN