“ထိုင်းနိုင်ငံ Pheu Thai ပါတီ၏ အမတ်လောင်းအား ထိုင်းဝန်ကြီးချုပ် အဖြစ်ရွေးချယ်မှုများ ပြုလုပ်နိုင်ရန် အထက် လွှတ်တော် အမတ် ၁၉၀ခန့်က ထောက်ခံမဲပေးသွားဖွယ်ရှိနေ”

သြဂုတ် ၂၁

ထိုင်းနိုင်ငံ Pheu Thai ပါတီ၏ Srettha Thavisin အား ထိုင်းဝန်ကြီးချုပ်အဖြစ် ရွေးချယ်မှုများပြုလုပ်နိုင်ရန် အထက်လွှတ် တော်အမတ် ၁၉၀ ခန့်က ထောက်ခံမဲ ပေးသွား မည်ဖြစ်ကြောင်း အထက်လွှတ်တော်အမတ် Wanchai Sornsiri က ယနေ့ တနင်္လာနေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။

ထိုင်း အထက်လွှတ်တော် အများစု၏ ထောက်ခံမှုဖြင့် မစ္စတာ Srettha အား ထိုင်း ဝန်ကြီးချုပ်အဖြစ် အသေအချာ ထောက်ခံ သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုထားပါတယ်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ထိုင်း အထက် လွှတ်တော်အမတ်တွေနဲ့ စကားပြောဆို ဆွေးနွေးမှုများအပေါ် မှာ သူ့ရဲ့ ခန့်မှန်း ချက်တွေကို အခြေခံထားတာဖြစ်တယ်လို့ မစ္စတာ ဝမ်ချိုင်းက ထပ်လောင်း ပြောကြား ခဲ့ပါတယ်။

လာမည့် အင်္ဂါနေ့တွင်ထိုင်းလွှတ်တော် ၏ အတည်ပြုချက်ရယူရန် အမည်စာရင်းတင် သွင်းသည့်အခါ စုစုပေါင်း ၁၉၀ ခန့်ရှိသော အများစုသည် မဲဆန္ဒပေးသွားမည်လည်း ဖြစ်ပါတယ်။

“သူတို့က တိုင်းပြည်ကို ရှေ့ကို ဆက်သွား စေချင်တယ်။ မနက်ဖြန် မဲပေးဖို့ ဘယ်သူမှ အတားအဆီး ရှိလာမှာ မဟုတ်ဘူး။ တချို့က မတူကွဲပြားတဲ့ သဘောထားတွေ ရှိကောင်း ရှိနိုင်ပေမယ့် အဲဒါက ဒီမိုကရေစီ လမ်းကြောင်း ပေါ် ရောက်နေမှာပါ” လို့ ၎င်းက ဆိုထား ပါတယ်။

မစ္စတာ Srettha ၏ အရည်အချင်းများနှင့် ပတ်သက်၍ သံသယရှိနေဆဲဖြစ်ကြောင်း အထက် လွှတ်တော် အမတ်အချို့က အကြံ ပြုချက်တွင် Move Forward ပါတီ၏ ဝန်ကြီးချုပ်လောင်း Pita Limjaroenrat နှင့် အတိုက်အခံ နှစ်ဦးစလုံး၏ ကိစ္စရပ်ကို ကိုးကားပြီး မစ္စတာ Wanchai က ၎င်းက ပုံမှန် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့တွင် အထက်လွှတ်တော်အမတ်များနှင့် လွှတ်တော်အမတ်အချို့က မစ္စတာ Srettha ကို ဆန့်ကျင်ပြောဆိုကြမည်ဖြစ်သော်လည်း အထက်လွှတ်တော်အမတ်အများစုမှာ သေချာပေါက်မဲပေးမည်လို့ ၎င်းက ဆိုထား ပါတယ်။

ဝန်ကြီးချုပ်ရွေးချယ်မှုသည် တစ်သီး ပုဂ္ဂလတင် မဟုတ်ဘဲ လွှတ်တော်အမတ် ၇၅၀ စလုံးက ဆုံးဖြတ်ရမည့်ကိစ္စဖြစ်ကြောင်း မစ္စတာ ဝမ်ချိုင်းက ပြောကြားခဲ့ပါတယ်။

မစ္စတာ Srettha ကို အထက် လွှတ်တော် အမတ် ၁၉၀ လောက်က မဲပေးမယ်လို့ ဘာကြောင့် သေချာတာလဲလို့ မေးတော့ Palang Pracharath နဲ့ United Thai Nation ပါတီတွေက ညွန့်ပေါင်းအဖွဲ့တွေမှာ ပါဝင် တာကြောင့် အထက် လွှတ်တော် အမတ်တွေက သူ့ကို မဲပေးဖို့ သေချာနေ ပြီဖြစ်တယ်လို့ မစ္စတာဝမ်ချိုင်း က ထပ်လောင်း ပြောကြားခဲ့ပါတယ်။