“တောင်အာဖရိက နိုင်ငံတွင် ကျင်းပပြုလုပ်မည့် BRICS ထိပ်သီးအစည်းအဝေးပွဲသို့ ကမ္ဘာ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပါဝင်တတ် ရောက်သွား ဖွယ်ရှိနေ”

သြဂုတ် ၂၁

BRICS ထိပ်သီးအစည်းအဝေးကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် တက်ရောက်သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ကို တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosa က BRICS ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် ကြေငြာခဲ့ပါတယ်။

BRICS အဖွဲ့၏ ဖိတ်ကြားချက်အရ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် BRICS နိုင်ငံများဆိုင်ရာ ထိပ်တန်းခေါင်းဆောင်များ အစည်းအဝေးပွဲသို့ တက်ရောက်သွားမည် ဖြစ်ပြီး ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့ ပါဝင်သော ထွန်းသစ် စစီးပွားရေးအစုအဖွဲ့ဖြစ်သည့် BRICS တွင် နိုင်ငံပေါင်း 20 ကျော် ပါဝင်ရန် တရားဝင် လျှောက်ထားမှုများပြုလုပ်ခဲ့ကြပါတယ်။

“တိုးချဲ့ BRICS +သည် ပိုမိုမျှ တသောကမ္ဘာ့အစီအစဉ်တစ်ခုရှိရန် ဘုံဆန္ဒကို မျှဝေသည့် မတူညီသော နိုင်ငံရေး စနစ်များရှိသည့် ကွဲပြားသောအုပ်စုတစ်စုကို ကိုယ်စားပြုလိမ့်မည်” လို့ တောင်အာဖရိက သမ္မတ Cyril Ramaphosa က ပြီးခဲ့သည့် တနင်္ဂနွေနေ့ညက နိုင်ငံပိုင် ရုပ်မြင် သံကြားမိန့်ခွန်းတွင် ပြောကြားခဲ့ပါတယ်။

ဘရာဇီးသမ္မတ Luiz Inacio Lula da Silva၊ တရုတ်သမ္မတ Xi Jinping နှင့် အိန္ဒိယ၀န်ကြီးချုပ် Narendra Modi တို့တက်ရောက်မည့် ၁၅ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးကို တောင်အာဖရိကနိုင်ငံ Johannesburgမြို့ တွင် တောင်အာဖရိကနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွား မည်ဖြစ်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ကိုယ်စား ပြုတတ်ရောက်သွားမည်လည်းဖြစ်ပါတယ်။

လာမည့် ဩဂုတ်လ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပရန် စီစဉ်ထားသည့် BRICS ထိပ်သီး အစည်းအဝေးသို့ ပူတင်အား သွားရောက်ရန် အနှောင့်အယှက်ဖြစ်စေသော နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) က ဖမ်းဝရမ်း ထုတ်ထားခဲ့ပြီး တောင်အာဖရိကနိုင်ငံ သည် အဆိုပါ တရားရုံးကို ထူထောင်သည့် ရောမဥပဒေဆိုင်ရာများတွင် လက်မှတ်ရေးထိုးထားတာလည်းဖြစ်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင် ကအဆိုပါ ထိပ်သီးအစည်း အဝေးမစတင်မီ တစ်ရက်အလို ယနေ့ တနင်္လာနေ့တွင် တောင်အာဖရိကနိုင်ငံသို့ ၎င်း၏ စတုတ္ထမြောက်နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိမည်လည်းဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံ က တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံ မဟာဗျူဟာမြောက်ဆက်ဆံရေးကို နှစ်သက်ပြီး သမ္မတ ရှီ ၏ခရီးစဉ်အတွင်း သဘောတူညီချက်များစွာကို လက်မှတ်ရေး ထိုးရန် မျှော်လင့်ထားတာလည်းဖြစ်ပါတယ်။

အာဖရိကနိုင်ငံ တစ်ဝှမ်းမှ နိုင်ငံ့ ခေါင်းဆောင် များနှင့် အစိုးရ အကြီးအကဲအယောက် ၃၀ ကျော် တက်ရောက်သွားမှာဖြစ်တယ်လို့လည်း သမ္မတ Ramaphosa က ထပ်လောင်း ပြောကြားထားတာလည်းဖြစ်ပါတယ်။