နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မော်တော် ယာဉ်တင်သွင်းမှုဆိုင်ရာကြီးကြပ်ရေးကော်မတီကို အဖွဲ့ဝင် ၁၂ ဦးဖြင့် ဖွဲ့စည်း

ဩဂုတ် ၂၀

        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီက  ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဥက္ကဌ အဖြစ်တာဝန်ယူပြီး အဖွဲ့ဝင် ၁၂ ဦးပါဝင်သော မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာကြီးကြပ်ရေးကော်မတီကို ယနေ့ ရက်စွဲ့ဖြင့် ဖွဲ့စည်းလိုက်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။

           အဆိုပါ ကော်မတီဖွဲ့စည်းရခြင်းမှာ မော် တော်ယာဉ်အရောင်းစင်တာ ( Car Sale Centre )၊ အရောင်းပြခန်း (Car Show Room )များ ဖွင့်လှစ်ရောင်းချခြင်း၊ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်ထုတ်ပေးခြင်းနှင့် ပြည်တွင်းမော်တော် ယာဉ်ဈေးနှုန်း တည်ငြိမ်ရေးဆိုင်ရာ ကိစ္စရပ်များ စနစ်တကျ ကြီးကြပ်ဆောင်ရွက်နိုင်ရန်အတွက် ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်း တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

#PAN