မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ညဈေးရှေ့အနီး နေအိမ်ဆိုင်ခန်းရှေ့တွင်  ငွေလွှဲခြင်းလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကို အမည်မသိအမျိုး သား ၁ ဦးက ဓားဖြင့်ထိုးကာ ထွက် ပြေးသွား

ဩဂုတ် ၂၀

       ယနေ့ ည ၇ နာရီ ၅ မိနစ်အချိန်ခန့် ကရင် ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ညဈေးရှေ့အနီး နေအိမ်ဆိုင်ခန်းရှေ့တွင်  ငွေလွှဲခြင်း(K-pay/Wavepay)လုပ် ကိုင်သူ ဦးမျိုးမင်း၊ ၄၆ နှစ်၊ (ဘ)ဦးစိုးဝင်း၊ မပတ(ရှိ/ မမှတ်မိ)၊ ဗမာ/ဗုဒ္ဓ၊ ဇော်ဂျီ(၄)လမ်း၊ အမှတ်(၄) ရပ်ကွက်၊ မြဝတီမြို့နေသူကို အမည်မသိအမျိုး သား ၁ ဦး(စုံစမ်းဆဲ)က ဓားဖြင့်ထိုးကာ ထွက် ပြေးသွားခဲ့သည်။

         မြဝတီမြို့ နယ်မြေရဲစခန်းမှ တ ဝန်ရှိသူများက အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ ဦးမျိုးမင်း ကို မှောက်လျက်အနေအထားဖြင့် ဝဲဘက်လည်ပင်း ပြတ်ရှဒဏ်ရာ ၂ ချက်၊ ဝဲဘက်ရင်ညွန့်ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးခဲ့ကြောင်း သိရပါသည်။

      ဖြစ်စဥ်မှာ ဦးမျိုးမင်းသည် ညနေ ၆ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ငွေလဲလှယ်ခြင်းလုပ်ငန်းလုပ် ကိုင်နေစဉ် အမည်မသိအမျိုးသား ၁ ဦး (စုံစမ်းဆဲ)ဆိုင်ကယ်တက္ကစီအင်္ကျီဝတ်ဆင်ထားကာ ဆိုင်ကယ်ဦးထုပ် ဆောင်းထားလျှက်ရောက်ရှိလာပြီး ဦးမျိုးမင်းကို အသင့်ပါလာသော ဓါးဖြင့်ထိုးခဲ့ကြောင်း၊ ၎င်းနောက် ဘုရင့်နောင်လမ်းအတိုင်း လမ်းပြောင်းပြန်မောင်းနှင်ကာ ထွက်ပြေးသွားကြောင်း သိရပါသည်။

        ဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံဖမ်းဆီးရမိရေးအတွက် မြဝတီမြို့နယ်၊ ရဲတပ်ဖွဲ့ဝင်များက တရားခံ၏ ပုံပန်းသဏ္ဍန်ရရှိရေးအတွက် အနီးပတ်ဝန်ကျင်တွင်ရှိ CCTV မှတ်တမ်းများ လိုက်လံကြည့်ရှု့ပြီး၊ တရားခံဖမ်းဆီးရမိရေး အတွက် လိုက်လံစုံစမ်းလျက်ရှိကြောင်းနှင့် အမှုဖွင့်အရေး ယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း  သတင်း ရရှိပါသည်။

#PAN