ဘီးလင်းမြို့ဘက်မှ သထုံမြို့ဘက်သို့ ခုတ်မောင်းလာသည့် ကျောက်တင်ရထားကို အကြမ်းဖက်သောင်းကျန်းသူ KNU နင့် PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲတိုက်ခိုက်

ဩဂုတ် ၂၀

        မွန်ပြည်နယ်၊သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင် ယနေ့ နံနက်ပိုင်းက ကျောက်တင်ရထားကို အကြမ်းဖက်သောင်း ကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

        ယနေ့ နံနက် ၉ နာရီ ၂၅ မိနစ်အချိန်ခန့်က ရန်ကုန်-မော်လမြိုင်ရထားလမ်းအတိုင်း ဘီးလင်းမြို့ဘက်မှ သထုံမြို့ဘက်သို့ ခုတ်မောင်းလာသည့် အမှတ်(၆၁၆)ကျောက်တင်ရထားသည် သထုံမြို့နယ်ရှိ ဒုံဝန်းဘူတာနှင့်သိမ်ဆိပ်ဘူတာကြားရှိ မိုင်တိုင်အမှတ် ၁၂၃/၂၃ နှင့် ၁၂၃/၂၄ အရောက် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

       ထိုသို မိုင်းခွဲတိုက်ခိုက်ခြင်းကြောင့် လူနှင့် ရထားထိခိုက်မှုမရှိဘဲ ရထားသံလမ်း တစ်ပေခန့်ပြတ်သွားခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN