ပုသိမ်မြို့နယ်၊ချောင်းသာမြို့၊ Golden Beach Hotel ရှေ့ကမ်းခြေတွင်အလျား ခြောက်ပေကျော်ခန့်ရှိသော ဝေလငါးမျိုးနွယ် ငါးတစ်ကောင် အသက်ရှင်လျှက်သောင်တင်နေသဖြင့် ပင်လယ်ရေပြင်သို့ ပြန်လွှတ်ပေးခဲ့

ဩဂုတ် ၂၀

        ယနေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ဧရာဝ တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ချောင်းသာမြို့၊ အမှတ်(၃)ရပ်ကွက်အတွင်းရှိ Golden Beach Hotel ရှေ့ကမ်းခြေတွင်အလျား ခြောက်ပေကျော်ခန့်ရှိသော ဝေလငါးမျိုးနွယ် ငါးတစ်ကောင်သည် သောင်ပြင်ပေါ်တွင် တင်နေသဖြင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံများ သွားရောက်စစ်ဆေးကြည့်ရှုခဲ့ကြသည်။

        ထိုသို့ သွားရောက်ကြည့်ရှုရာ အဆိုပါ ငါးမှာ
အသက်ရှင်လျက်ရှိသေးကြောင်း တွေ့ရသဖြင့်
ညနေ ၆ နာရီအချိန်ခန့်တွင် ပင်လယ်ပြင်သို့ ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN