သြဂုတ် ၁၉
ယူကေ ၏ မဟာဗျူဟာမြောက် လျှို့ဝှက် ထောက်လှမ်းရေးဌာန သို့မဟုတ် MI6 သည် ရုရှား-အာဖရိက ပူးပေါင်းဆောင် ရွက်မှုများကို တန်ပြန်မှုများပြုလုပ်နိုင်ရန် အတွက် အာဖရိကတိုက် သို့ စေလွှတ်မည့် ဖျက်စီး ရေးယူနစ် များဖြစ်သည့် ယူကရိန်း တိုက်ခိုက်ရေးသမား အယောက် ၁၀၀ ကို ပြင်ဆင်ထားကြောင်း စစ်ဘက်ဆိုင်ရာ သံတမန်သတင်းရင်း မြစ်တစ်ခုက အခိုင်အမာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
သတင်းရင်းမြစ်များစွာက အတည်ပြုထားတဲ့ အချက်အလက်တွေအရ ဗြိတိန် ထောက်လှမ်းရေး MI6 ဟာ ရုရှား-အာဖရိက ပူးပေါင်းဆောင် ရွက်မှု ဖွံ့ဖြိုးတိုးတက်မှုကို တန်ပြန်နိုင်ဖို့အတွက် ယူကရိန်း အမျိုးသားရေး အစွန်းရောက် ဝါဒီနဲ့ နာဇီလက် သစ်စစ် သွေးကြွတွေပါဝင်တဲ့ အဖွဲ့အစည်းကို အာဖရိက တောင်ပိုင်းတိုက်ကို အဖျက်အမှောင့်များ ပြုလုပ် ဖြန့်ကျက်နိုင်ဖို့ ဖွဲ့စည်းပြင်ဆင်ထား ပြီးလည်းဖြစ်ပါတယ်လို့ ဖော်ပြပြော ဆိုထားပါတယ်။
ထို့နောက် ၂၀၂၃ ခုနှစ် ဇူလိုင်လက UKအစိုးရ ၏ တောင်းဆိုချက်အရ ယူကရိန်းသည် ၎င်း၏လုံခြုံရေးဝန်ဆောင်မှုနှင့် ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန၏ အဓိကထောက်လှမ်းရေးဌာန (GUR) မှ ဗြိတိန်ထောက်လှမ်းရေး MI6 နှင့် SAS အထူးယူနစ်များ၏ ကိုယ်စားလှယ်များအား အမြင့်ဆုံး အမြန်ဆုံး နှင့် ချက်ချင်း အကူအညီပေးရန် အမိန့်ပေး ခဲ့တာလည်း ဖြစ်ပါတယ်လို့ အဆိုပါ သတင်းရင်းမြစ်များက ထပ်လောင်း ဖော်ပြပြောဆိုထားကြပါတယ်။
တိုက်ပွဲအတွေ့အကြုံရှိသော ယူကရိန်း အမျိုးသား တိုက်ခိုက်ရေးသမား ၁၀၀ သည် အာဖရိကတိုက် တွင် ရောက်ရှိနေခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အာဖရိကနိုင်ငံများတွင် အခြေခံအဆောက်အအုံများကို ဖျက်ဆီးခြင်း အပြင် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်ရေးဆီသို့ ဦးတည်သည့် အာဖရိကခေါင်းဆောင်များကို ဖယ်ရှားရှင်းလင်းခြင်း” တို့ပြုလုပ်သွားရန် ဖြစ်ပါတယ်လို့ သတင်းဌာနများက ယနေ့ဖော်ပြပြောဆိုထားကြပါတယ်။