သြဂုတ် ၁၉
တောင်အာဖရိကနိုင်ငံ အတွင်းကျင်းပပြုလုပ်မည့် BRICS အဖွဲ့ဝင်နိုင်ငံများ၏ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲအပြီးတွင် အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ် မိုဒီ က ဂရိနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။
BRICS အစည်းအဝေးပွဲကြီးတွင် တရုတ်နိုင်ငံ၏ ခေါင်းဆောင် XI Jinping နှင့် အတူ မျက်နှာချင်းဆိုင်ထိုင်ပြီး တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပသွားမှာလည်းဖြစ်ပါတယ်။
အိန္ဒိယ ဝန်ကြီးချုပ် ၏ အဆိုပါ ဂရိနိုင်ငံ ခရီးစဥ်သည် ဆယ်စုနှစ် ၄ခုအတွင်း ပထမဆုံးလာရောက်သည့် အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ် ဖြစ်ပြီး ဂရိနိုင်ငံ ဝန်ကြီးချုပ် Kyriakos Mitsotakis နှင့် တွေ့ဆုံမှုများပြုလုပ်သွားမှာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် Narendra Modi သည် လာမည့်သီတင်းပတ်တွင် တောင်အာဖရိကနှင့် ဂရိနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ၏ ပြည်ပရေးရာဝန်ကြီးဌာနကြီးက ပြီးခဲ့သည့် သောကြာနေ့တွင်တရားဝင်ထုတ်ပြန် ပြောကြားခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ်သည် လာမည့် သြဂုတ် ၂၂ ရက်မှ ၂၄ ရက်အထိ တောင်အာဖရိက နိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့၌ ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပါတယ်။
လာမည့် သြဂုတ်လ ၂၅ရက် နေ့တွင် နှစ် ၄၀ အတွင်း အိန္ဒိယ၀န်ကြီးချုပ်၏ ဂရိနိုင်ငံ သို့ ပထမဆုံး နိုင်ငံတော်အဆင့် ခရီးစဥ် အဖြစ် သွားရောက် မှာဖြစ်တယ် လို့ သတင်းဌာနများ ကဖော်ပြပြောဆိုနေကြပါတယ်။