ထိုင်းလွှတ်တော်၏ ဒုတိယအကြိမ် ဝန်ကြီးချုပ်ရွေးချယ်မှုတွင် ဝန်ကြီးချုပ် မည်သူဖြစ်လာမည်လဲ ? သုံးသပ်ကြည့်ခြင်း

ဩဂုတ် ၁၉

        မေလ ရွေးကောက်ပွဲပြီး ၃ လကျော်ကြာမြင့် ချိန်အထိ ဝန်ကြီးချုပ်တင်မြှောက်နိူင်ခြင်းမရှိသေးသောကြောင့် နိူင်ငံရေးအကြပ်အတည်းနှင့် ကြုံတွေ့နေရသော ထိုင်လွှတ်တော်သည် လာမည့် ဩဂုတ်လ (၂၂ ) ရက်နေ့တွင်  လွှတ်တော်ခေါ်ယူပြီး ဒုတိယအကြိမ် ဝန်ကြီးချုပ်ရွေးချယ်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌ ဝမ်းနိူမထာနှော က တရားဝင်ကြေငြာ ထားသည်။

        မေလ ရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံး အနိူင်ရခဲ့သော လူငယ်များ၏ Move Forward Party ဥက္ကဌ မှာ ပထမ အကြိမ် ဝန်ကြီးချုပ် အမည်စာရင်းတင်သွင်းစဉ်က လိုအပ်သော ထောက်ခံမဲအရေအတွက် မပြည့်မီ ခဲ့သဖြင့် နောက်တစ်ကြိမ် ထပ်မံတင်ပြရန်ကြိုးပမ်းခဲ့ရာ အခြေခံဥပဒေတွင်ပြဌာန်းထားသော အရေးရှုံးနှိမ့်ပြီးဖြစ်သော အဆိုတစ်ခုကို လွှတ်တော် သက်တမ်းတစ်ခုအတွင်း ထပ်မံတင်သွင်းခြင်းမပြုရ ဟူသောအချက်ကြောင့်  MFP ပါတီခေါင်းဆောင်အနေဖြင့် ဝန်ကြီးချုပ် ဖြစ်ခွင့် လမ်းပိတ်သွားခဲ့ပြီဖြစ်သည်။

         ယခုအကြိမ် ဝန်ကြီးချုပ် အမည်စာရင်းတင်သွင်းခွင့်ကို အမတ်နေရာ ဒုတိယအများဆုံး ရရှိသော သက်ဆင်၏ Pheu Thai ပါတီမှ ရရှိမည် ဖြစ်သည်။ Pheu Thai ပါတီ အနေဖြင့် ဝန်ကြီး ချုပ်လောင်း ၃ ဦး စာရင်းပေးထားရာ ပထမ ဦးစားပေးလျာထားသော အိမ်ခြံမြေလုပ်ငန်းရှင် ဆေ့ထာထဝီးဆင် မှာ လက်ရှိတွင် အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်စဉ်က အခွန်ရှောင်တိမ်းမှုများ ပြုလုပ်ခဲ့ကြောင်း အထောက်အထားများနှင့် တကွ စွပ်စွဲချက်များကို ရင်ဆိုင်နေရသောကြောင့် ၎င်းအား ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်ပြရန်ကိစ္စမှာ မရေမရာဖြစ်လျှက်ရှိသည်။

        အကယ်၍ ဆေ့ထာ ကို ဝန်ကြီးချုပ်အဖြစ် မတင်ပြပါက သက်ဆင်၏ သမီးငယ် ဖဲထောင်းထားရှင်နာဝပ် ကို ဝန်ကြီးချုပ်အဖြစ် တင်သွင်းလာဖွယ်ရှိနေသည်။ Pheu Thai ပါတီ၏ တတိ ယမြောက် ဝန်ကြီးချုပ်လောင်းမှာ သက်ဆင်၏ လူယုံ ဝါရင့်ရှေ့နေကြီး ချိုင်းကဆင်နိတီဆီရီ ဖြစ်ပြီး သူသည် လက်ရှိကာလတွင် ကျန်းမာရေး မကောင်းသဖြင့် ဝန်ကြီးချုပ်ရာထူးကို ထမ်းဆောင်နိူင်ဖွယ်မရှိရာ  Pheu Thai ပါတီ အနေဖြင့် ဖဲထောင်းထား ကိုသာ အားပြုရမည့် အခြေအနေဖြစ်နေသည်။

        လက်ရှိ အခင်းအကျင်းအရ Pheu Thai ပါတီမှ ကိုယ်စားလှယ် တစ်ဦးဦး  ဝန်ကြီးချုပ် အဖြစ်တင်မြောက်ခံရနိူင်ခြေ အလွန်နည်းပါးလျှက်ရှိသည်။ ဝန်ကြီးချုပ်အဖြစ်တင်မြှောက်ခံရရန် အောက်လွှတ်တော် အမတ် ၅၀၀ နှင့် အထက် လွှတ်တော် အမတ် ၂၅၀ တို့ ထံမှ ထောက်ခံမဲ စုစုပေါင်း ၃၇၆ မဲ လို အပ်ရာ လက်ရှိတွင် Move Forward ပါတီမှ ထောက်ခံမဲပေးမည် မဟုတ်ကြောင်း အတိအလင်း ကြေငြာပြီး ဖြစ်ရာ Pheu Thai အနေဖြင့် အောက်လွှတ်တော်မဲများတွင် MFP ၁၅၁  မဲကို နှုတ်ပြီး ကျန်ပါတီ အားလုံးထံမှ ထောက်ခံမဲ ရရှိခဲ့လျှင်ပင် ၃၄၉ မဲ သာရှိမည် ဖြစ်ရာ အထက်လွှတ်တော် အမတ်များထံမှ အနည်းဆုံး ၂၇ မဲ ရရှိမှသာ အောင်မြင်မည်ဖြစ်သည်။

      ဤနေရာတွင် မြင်သာသော အချက်မှာ မည်သည့် ပါတီမှ ဝန်ကြီးချုပ်ဖြစ်စေ အထက် လွှတ် တော် အမတ်များထံမှ ထောက်ခံမဲ မရပဲ ဝန်ကြီး ချုပ် မဖြစ်နိူင်ဟူသော အချက်ဖြစ်သည်။ လက်ရှိ အထက်လွှတ်တော် အမတ် ၂၅၀ ကို အိမ်စောင့် အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် နှင့် ဒု ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝစ် ဝုန်းဆူဝမ်း တို့ မှ ရွှေးချယ် ခန့်အပ်ထားခြင်း ဖြစ်ရာ အထက် လွှတ်တော် အမတ်များထံမှထောက်ခံမဲရရှိရန်မှာ  အထက်ဖော်ပြပါ ဗိုလ်ချုပ်ကြီး နှစ်ဦး၏ ဆုံး ဖြတ်ချက် အပေါ်တွင်သာ မူတည်နေသဖြင့် Pheu Thai ပါတီ၏ ဝန်ကြီးချုပ်ဖြစ်ခွင့်မှာ မရေမရာဖြစ်နေသည်။

       အကယ်၍ Pheu Thai ပါတီ၏ ကြိုးပမ်းမှု မအောင်မြင်ခဲ့ပါက တတိယအမတ်နေရာ အများဆုံးရရှိထားသော ကျန်းမာရေးဝန်ကြီးဟောင်း အနုထင်း ၏ ဘွန်းကျိုင်းထိုင်းပါတီ ထံ ဝန်ကြီး ချုပ်တင်သွင်းခွင့်ကျရောက်သွားမည်ဖြစ်သည်။

       ဤနေရာတွင် နိူင်ငံရေးကျွမ်းကျင်သူများ သုံးသပ်သည်မှာ  နိူင်ငံရေးပါးနပ်သော ကျန်းမာ ရေးဝန်ကြီးဟောင်း အနုထင်းသည် Pheu Thai ပင် မအောင်မြင်သော ဝန်ကြီးချုပ်နေရာရရေးအား ရယူရန်ကြိုးစားမည် မဟုတ်ပဲ စတုတ္ထနေရာမှ PPRP ခေါင်းဆောင် အိမ်စောင့်အစိုးရ ဒုတိယ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝစ်ကိုသာ ဝန်ကြီး ချုပ်အဖြစ် အဆိုပြုသွားနိူင်ဖွယ်ရှိကြောင်း ခန့်မှန်းကြသည်။

      အချုပ်အနေဖြင့် ထိုင်းနိူင်ငံ၏ ၃၀ ဦးမြောက် ဝန်ကြီးချုပ်မှာ အထက်လွှတ်တော် အမတ်များအား ထိန်းချုပ်ထားနိူင်ပြီး ရှေးရိုးစဉ်လာ ကွန်ဆာ ဗေးတစ်များ၏ ထောက်ခံမှု အပြည့်အဝရရှိထားသော စစ်တပ် နှင့် ရဲတပ်ဖွဲ့ ကျောထောက်နောက်ခံရှိ ဗိုလ်ချုပ်ကြီး ပရာဝစ်ဝုန်းဆူဝမ်း သာ ဖြစ်နိူင်ခြေအရှိဆုံးဖြစ်ကြောင်း သုံးသပ်နိုင်ပါသည်။

#PAN