အသက် ၂၄ နှစ်အရွယ် မြန်မာလူမျိုး အမျိုးသမီး တစ်ဦး ငွေကြေးခဝါချမှု၊ တရားမဝင်လုပ်ငန်းများလုပ်ကိုင်ခြင်းဖြင့် ထိုင်းဘတ်ငွေများနှင့်အတူထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီး

သြဂုတ် ၁၈

      ထိုင်းရဲတပ်ဖွဲ့မှ အသက် ၂၄ နှစ်အရွယ် မြန်မာလူမျိုး မစ္စမိုးအေး (ခေါ်) နန်းမိုးမိုးအေး အား သြဂုတ်လ ၁၆ ရက်နေ့ က Asoke-Rama 9 ဧရိယာရှိ ဇိမ်ခံကွန်ဒိုတွင် ဖမ်းဝရမ်းအမှတ် ၅၀၅/၂၅၆၆ ဖြင့် တရုတ်နှင့်ဆက်စပ်ပြီး တရားမဝင်လုပ်ငန်းများလုပ်ကိုင်ခြင်း၊  crypto ငွေကြေးဆော့ကစားခြင်းများ၊ ငွေကြေးခဝါချမှု ကျူးလွန်ရန် ပူး ပေါင်းကြံစည်မှု အစရှိသဖြင့် ပုဒ်မများစွာနှင့် ဖမ်းဆီးခဲ့ပြီး ၎င်းထံမှ ငွေသား ဘတ်ငွေ ၄,၄၄၄,၀၀၀၊ ဘဏ်စာရင်းစာအုပ် ၁၇ အုပ်၊ ATM ကတ် ၁၆ ကတ်နှင့် ငွေသားကတ် ၁၆ ကတ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

     ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ Wat Nakorn Bancha ကမူ ဖမ်းဆီးခံများနှင့်အတူ  အရေးယူမှုအတွက် သတင်းစာရှင်းလင်းပွဲကို အကျဉ်းချုပ် ပြုလုပ်မည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN