“ပင်လယ်နက်အတွင်း ရုရှားနိုင်ငံရေတပ်မှ ကုန်တင် သင်္ဘောများကို ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံတကာ နှင့် တင်းမာမှုများ တိုးပွားလာစေသည့် ကြိုးပမ်းမှုများကို ရှောင်ရှားနိုင်ရန် ရုရှားနိုင်ငံအား တူရကီ သမ္မတ က သတိပေးပြောကြားခဲ့”

သြဂုတ် ၁၈

ရုရှားနိုင်ငံကို ကုန်တင် သင်္ဘောများနှင့် ပင်လယ်နက်တွင် အခင်းဖြစ်ပွားပြီးနောက် နိုင်ငံတကာနှင့် တင်းမာမှုများ တိုးလာစေမည့် အဆိုပါ ရုရှား နိုင်ငံ၏ ကြိုးပမ်းမှုများကို ရှောင်ရှားရန် သင့်လျော်သောနည်းလမ်းဖြင့် သတိပေး ထား​တူရကီ သမ္မတ က ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့က ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

မကြာသေးမှီအချိန်က ရုရှားနိုင်ငံမှ Vasily Bykov ကင်းလှည့်သင်္ဘောသည် Palau အလံတပ်ထားသော Sukru Okan သင်္ဘော ( Mustafa Kemal Atatürk ၏ ခိုင်မာသောထောက်ခံသူဖြစ်သည့် တူရကီရေတပ်ဗိုလ်ချုပ်နှင့် နိုင်ငံရေးသမား Şükrü Okan ကိုအစွဲပြု၍ အမည်ပေးထားသော)ကုန်တင် သင်္ဘောကို မောင်းပြန်လက်နက်များကို ပစ်ခတ်ခဲ့ကြောင်း ကြေညာချက်တွင်လည်း ဖော်ပြထားပါတယ်။

ဖြစ်စဥ်မှာ ရုရှား ရေတပ်မှ အဆိုပါ ကုန်တင်သင်္ဘောကို စစ်ဆေး မှုပြုလုပ်နိုင်ရန်အတွက် ရပ်ဆိုင်း မှုများပြုလုပ် ရန် တောင်းဆိုချက်ကို တုံ့ပြန်ခြင်း ဖြစ်ပြီး မော်စကို(ရုရှား) နှင့် ကိယက်ဗ်(ယူကရိန်း) တို့အကြား ရုရှားရေတပ်မှ ချမှတ်ထားသော ယူကရိန်း ဆန်တင်ပို့မှုအပေါ် ပိတ်ဆို့ထားမှုအား ရုတ်သိမ်းရန် တူရကီနိုင်ငံ က ကုလသမဂ္ဂ နှင့်အတူ ကျောထောက်နောက်ခံ ပြုပြီး ဂျုံ သို့မဟုတ် ဆန် တင်ပို့မှု သဘောတူညီချက်ကို ကြားဝင်စေ့စပ်နေတာလည်းဖြစ်ပါတယ်။

သို့သော်လည်း ကရင်မလင်(ရုရှား) က အဆိုပါ သဘောတူညီမှုကိုသက်တမ်းတိုးရန် ငြင်းဆိုလိုက်ပြီး ပြီးခဲ့သည့် ဇူလိုင်လလယ်တွင် သဘောတူညီချက် ပျက်သွားခဲ့တာ လည်းဖြစ်ပါတယ်။

ရုရှားနိုင်ငံ ရေတပ် သည် ယူကရိန်း နိုင်ငံ ဆိပ်ကမ်းများဆီသို့ ဦးတည်လာသော သင်္ဘောများကို လက်နက်များ ထောက်ပံ့ပို့ဆောင် မှုများ ဖြစ်နိုင်တယ်လို့လည်း ခြိမ်းခြောက်ပြောဆိုထားပါတယ်။

“ Sukru Okan သင်္ဘောပိုင်ရှင်က တူရကီလူမျိုးဆိုရင်တောင် သင်္ဘောက တူရကီအလံမဟုတ်ပါဘူး။ နိုင်ငံတကာဥပဒေအရ၊ ၎င်းသည် သင်္ဘောအမည် သို့မဟုတ် ၎င်း၏သင်္ဘောသားများ၏နိုင်ငံသားထက် ပိုအရေးကြီးသည့် ‘အလံနိုင်ငံတော်’ ဖြစ်တယ်”လို့ တူရကီ သမ္မတ ရုံးက သမ္မတ အာဒိုဂန်အား ကာကွယ်ပြောဆိုပေးခဲ့ပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။