ဥရောပစူပါဖလားကို မန်စီးတီးအသင်းက ပထမဆုံးအကြိမ် ရရှိ

Photos: UEFA, Manchester City

ဩဂုတ် ၁၇

    ယနေ့ နံနက် (၁:၃၀)နာရီအချိန်တွင် ဥရောပစူပါဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားသည့် မန်စီးတီးအသင်းနဲ့ ဆီဗီလာအသင်း တို့ဟာ တစ်ဖက်(၁-၁)ဂိုးနဲ့ သရေကျခဲ့၍ ပယ်နယ်တီကန်ခဲ့ရာတွင် မန်စီးတီးအသင်းက ၅-၄ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

    မန်စီးတီးအသင်းဟာ ဥရောပစူပါဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးခြင်းဖြစ်ပြီး ပြိုင်ပွဲသမိုင်းတွင် ၂၅ သင်းမြောက် ချန်ပီယံအသင်း ဖြစ်လာခဲ့ပါတယ်။

    ဆီဗီလာအသင်းအနေဖြင့် စူပါဖလားတွင် ပထမဆုံးယှဉ်ပြိုင်သည့် ၂၀၀၆ ပြိုင်ပွဲတစ်ကြိမ်သာ ဗိုလ်စွဲခဲ့ပြီး နောက်ဆုံး(၆)ကြိမ်ဆက် အရေးနိမ့်ခဲ့ပါတယ်။