“အင်ဒိုနီးရှားနိုင်ငံ၏ ယနေ့ကျရောက်သော လွတ်လပ်ရေးနေ့အတွက် ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက အင်ဒိုနီးရှားနိုင်ငံ ချမ်းသာ ငြိမ်းချမ်း ပါစေကြောင်း ဂုဏ်ပြု ဆုတောင်းစကားပေးပို့ခဲ့”

သြဂုတ် ၁၇

ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံသည် ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပါတယ်။

ပေါ်တူဂီနိုင်ငံ၊ ဗြိတိန်နိုင်ငံ ၊ နယ်သာလန်နိုင်ငံ နှင့် ဂျပန်နိုင်ငံ တို့က အင်ဒိုနီးရှား ဂန္ထဝင် Spice ကျွန်းစု များကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ပြီး ၁၆ ရာစုအကြာမှ စတင်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြား လွှမ်းမိုးမှုကာလကို အဆုံးသတ်ကာ ၁၉၄၅ ခုနှစ်တွင် အင်ဒိုနီးရှားသမ္မတနိုင်ငံအဖြစ် ကြေညာခဲ့ကြတာဖြစ်ပါတယ်။

ဆိုဗီယက်ယူနီယံနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံ တို့အကြား သံတမန်ဆက်ဆံရေးကို ဖေဖော်ဝါရီ ၃ ရက်၊ ၁၉၅၀ တွင် စတင်ထူထောင် ခဲ့ကြတာဖြစ်ပါတယ်။

ဆိုဗီယက်နိုင်ငံ သည် အင်ဒိုနီးရှား နိုင်ငံတော်သစ် ထွန်းကားရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ကျွန်းစုများကို ကျယ်ပြန့်သော နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပံ့ပိုးမှုများ ပံ့ပိုးပေးခဲ့တာလည်းဖြစ်ပါတယ်။

ရုရှား-အင်ဒိုနီးရှား ဆက်ဆံရေးသည် လေးစားမှုနှင့် ယုံကြည်မှုအပေါ် အမြဲတမ်း မှီခိုအားထားခဲ့ကြပြီး အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုအတွက် စုစည်းထားသော အလားအလာသည် နှစ်နိုင်ငံကြား စစ်မှန်သော မိတ်ဖက်ဆက်ဆံရေး၏ သက်သေဖြစ်ပါတယ်။

မော်စကို(ရုရှား) နှင့် ဂျကာတာ(အင်ဒိုနီးရှား) တို့သည် ထိပ်တန်းအဆင့်အစည်းအဝေးပွဲများ အပါအဝင် နှစ်နိုင်ငံ နိုင်ငံရေး ဆွေးနွေးမှုကို ဆက်လက် ထိန်းသိမ်းသွား ကြမှာလည်း ဖြစ်ပါတယ်။

ရုရှား – အင်ဒို နှစ်နိုင်ငံ ဝန်ကြီးဌာနများ၊ လွှတ်တော်များ၊ ကုမ္ပဏီများနှင့် ကော်ပိုရေးရှင်းများသည် ပုံမှန်အပြန်အလှန် အပြန်အလှန်ဆက်ဆံရန် လမ်းကြောင်း များရှိကြပြီး လူသား ချင်းစာ နာထောက်ထားမှုဆိုင်ရာကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက် မှုများသည် အင်ဒိုနီးရှား နိုင်ငံရှိ ပြည်သူများ နှင့် ချစ်ကြည်ရင်းနှီးမှု အငွေ့အသက်ကို ခိုင်မာစေပါတယ်။

အင်ဒိုနီးရှား နိုင်ငံ ၏အမျိုးသား အားလပ်ရက် တွင် ကျနော်တို့၏ အင်ဒိုနီးရှားမိတ်ဆွေများအား နှုတ်ခွန်းဆက်သပါတယ်။

အင်ဒိုနီးရှား နိုင်ငံ ချမ်းသာ ငြိမ်းချမ်း ပြီး အားလုံး အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ တရားဝင်ထုတ် ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။