ကော့ကရိတ် – မြဝတီ သွားအာရှလမ်း တောနော်ရေတံခွန်အနီး လမ်း/တံတား တည်ဆောက်မှုလုပ်ငန်းခွင်တွင် စုစုပေါင်းလုပ်ငန်းပြီးစီးမှု ၈၅ ရာခိုင်နှုန်းရှိပြီး အကြမ်းဖက်သောင်း ကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့က နေ့စဥ် အဝေးမှ နှောက်ယှက်ပစ်ခတ်

ဩဂုတ် ၁၇

         ကရင်ပြည်နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကော့ကရိတ် – မြဝတီ သွားအာရှလမ်း တောနော်ရေတံခွန်အနီး ကီလိုမီတာ (၁၄၉)နှင့် (၁၅၀) အကြားနေရာတွင် ဩဂုတ်လ ၇ ရက်နေ့က ကားလမ်းအောက်ခံမြေသားအကျယ် ၃၃ ပေရှိ ကတ္တရာခင်း ကားလမ်းအရှည် ၁၅၀ ပေခန့် ပဲ့ကျပျက်စီးခဲ့ကြောင်း၊ အဆိုပါ အာရှလမ်းမကြီးမြေပြိုမှုနေရာကို မော်တော်ယာဥ်များ ယာယီသွားလာနိုင်ရန် ဘေလီတံတားထိုးခြင်းလုပ်ငန်းကို သြဂုတ်လ ၁၀ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ပြီး ဖြစ်ပါသည်။

          ယခုအခါ အဆိုပါ လမ်းပိုင်း၏ ကီလိုမီ တာ (၁၄၉)နှင့် (၁၄၉.၅)ကြားတွင်  ယမန်နေ့ နံနက် ၇ နာရီဲမှ ၅ နာရီ ၃၀ အချိန်အထိ ကော့ကရိတ်မြို့လမ်းဦးစီးဌာနမှ AE ဦးမိုးကျော် ဦးစီး ၁၀ ဦးသည် ဘတ်ဟိုးယာဥ် ၃ စီး မြေကော်ယာဥ် ၁ စီး  မြေညှိစက်(ဒိုဇာ)၁ စီးတို့ဖြစ် လမ်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ အလျား ၅၀၀ ပေ အနံ ၁၀ ပေ အမြင့် ၁၄ ပေ ပြီးစီးမှု ရာခိုင်း ၃ ရာခိုင် နှုန်းဆောင်ရွက်ပြီးစီးခဲ့သဖြင့် စုစုပေါင်းလုပ်ငန်းပြီးစီးမှုရာခိုင်နှုန်း ၄၈ ရာခိုင်နှုန်းပြီးစီးခဲ့ကြောင်း၊ ကီလို မီတာ (၁၄၉ နှင့် ၁၅၀)ကြားတွင် ကော့ကရိတ်လမ်းဦးစီးဌာနမှ ဦးစီးမှူး ဦးကိုကိုလွင်နှင့် ဖာပွန်မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးမှူး ဦးနေယုလင်း ဦးစီးအင်အား ၇ ဦးမှ ဘတ်ဟိုး ၃ စီး မြေသယ်ယာဥ် ၂ စီးတို့ဖြင့် လမ် းလုပ်ငန်းများ အလျား ၂၆၀ ပေအနံ ၂ ပေ အမြင့် ၁၂ ပေ ရှင်းလင်းနိုင်ခဲ့ရာ လုပ်ငန်းပြီးစီးမှု ၂ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့ကြောင်း စုစုပေါင်းလုပ်ငန်းပြီးစီးမှု ရာခိုင်နှုန်းမှာ ၈၂ ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်းနှင့် ဆိတ်ဖူးတောင်အောက် ကီလိုမီတာ (၁၅၁ နှင့် ၁၅၁•၅)ကြားတွင် မြဝတီခရိုင်လမ်းဦးစီးဌာနမှ /ထညွှန်မှူး ဦးအောင်သူရ ဦးစီး ၅ ဦး တို့သည် ဘတ်ဟိုးယာဥ် ၃ စီး မြေကော်ယာဥ် ၁ စီး မြေသယ်ယာဥ် ၅ စီး တို့ဖြင့် လုပ်ငန်းများဆောင်ရွက်ခဲ့ရာ အလျား ၁၁၂ ပေ အနံ ၂၅ ပေ အမြင့် ၂၅ ပေရှင်းလင်းနိုင်ခဲ့ကြောင်း၊ လုပ်ငန်းပြီးစီးရာခိုင်နှုန်း ၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့သဖြင့် စုစုပေါင်းလုပ်ငန်းပြီးစီးမှုရာခိုင်နှုန်း ၈၅ ရာခိုင်နှုန်းပြီးစီးခဲ့ကြောင်းနှင့် ရင်ခွဲတောင်အောက်ဘက် ကီလိုမီတာ (၁၅၅နှင့်၁၅၆)ကြားတွင် မြဝတီလမ်းဦးစီးဌာနမှ AE ဦးမြင့်နိုင် ဦးစီး ၁၀ ဦးတို့သည် ဘတ်ဟိုးယာဥ် ၁ စီး မြေသယ်ယာဥ် ၂ စီး တို့ဖြင့် လုပ်ငန်းများဆောင်ရွက်ခဲ့ရာ အလျား ၅၀ ပေ အနံ ၃၅ ပေ အမြင့် ၁၀ ပေ ရှင်းလင်းနိုင်ခဲ့ပြီး လုပ်ငန်းပြီးစီး ၂ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့သဖြင့် စုစုပေါင်းလုပ်ငန်းပြီးစီးမှု ၈၅ ရာခိုင်နှုန်းပြီးစီးခဲ့ကြောင်း၊ အဆိုပါ တည် ဆောက်ရေးလုပ်ငန်းအားလုံးကို ကရင်ပြည်နယ် လမ်းဦးစီးညွှန်ကြားရေးမှူး၊ အင်ဂျင်နီယာမှူးကြီး ဦးအောင်ညို က အနီးကပ်ကြီးကြပ် ဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။

အဆိုပါ လမ်း၊တံတား တည်ဆောက်ရေးလုပ် ငန်းများဆောင်ရွက်နေစဥ် အကြမ်းဖက်သောင်း ကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့က အဖွဲ့ငယ်များဖြင့် နှောက်ယှက်ပစ်ခတ်မှုများ ပြုလုပ်လျှက်ရှိရာ ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန်တွင် တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် တစ်ကြိမ်၊ ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် တစ်ကြိမ် အဝေးမှ စနိုက်ဘာသေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ထိုသို့ ပစ်ခတ်မှုများကြောင့် လူထိခိုက်မှုမရှိဘဲ ဒီဇယ်ဆီတိုင်ကီ ထိမှန်ဖောက်ဝင်သည်မှလွဲ၍ အခြားပစ္စည်းများ ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုမရှိကြောင်း သတင်းရရှိပါသည်။

      အကြမ်းဖက်သောင်းကျန်းသူများ၏ ပစ်ခတ်မှူများမှ ကာကွယ်ရန်အတွက် လမ်းပိုင်းနေရာအသီးသီတွင် လုံခြုံရေးတပ်ဖွဲ့များကို ချထား ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

#PAN