ရွှေကျင်-ရန်ကုန်ပြေးဆွဲနေသော ခရီးသည်တင် Express ယာဥ်အား အကြမ်းဖက်သောင်းကျန်း သူ KNU နှင့် PDF များက လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့

သြဂုတ် ၁၇

       ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်ဍအတွင်းရှိ ရွှေကျင်-ညောင်လေးပင် လမ်းပိုင်းတွင် ရွှေကျင်မြို့မှ ရန်ကုန်သို့နေ့စဥ် ပြေးဆွဲနေသော “ဝင်းရတနာ”ခရီးသည်တင် Express 8I/8896နံပါတ် မော်တော်ယာဥ်ကို  ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ညောင်လေးပင်မြို့နယ်အပိုင် ပုဇွန်မြှောင်းရွာနှင့် အင်ဝိုင်းရွာကြား မိုင်တိုင်အမှတ် ၃မိုင် ၂ဖာလုံအရောက်တွင် အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF အဖွဲ့က လက် နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သည်။

     ထိုသို့ ပစ်ခတ်မှုကြောင့်  အဆိုပါကားပေါ်ရှိ ခုံနံပါတ် 1/2/3 တွင် ဌာနဆိုင်ရာဝန်ထမ်းများပါသည်ဟု သတင်းအရပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း သိရပြီး ပစ်ခတ်မှု့ကြောင့် ကား၏ရှေ့ဘီးအပေါ် တစ်ပေခွဲခန့်တွင် ကျည်ဖောက်ဝင်ရာ တစ်ချက်ရရှိခဲ့ပြီး ယာဥ်မောင်းနှင့်ခရီးသည်များထိခိုက်မှုမရှိခဲ့ကြောင်း သတင်းရရှိသည်။

      ပဲခူးတိုင်းဒေသကြီး(အရှေ့)ခြမ်းရှိ မြို့နယ်များတွင် အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF များက အကြမ်းဖက်လုပ်ငန်းများကို နေ့စဥ်လုပ်ဆောင်နေပြီး အဓိကလမ်းတံတားများအား မိုင်းခွဲခြင်း၊နိုင်ငံရေးရပ်တည်ချက်မတူညီသူများအား ချောင်းမြောင်းလုပ် ကြံသတ်ဖြတ်ခြင်း၊နေအိမ်များမီးရှို့ခြင်း၊ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများအားဗုံးကြဲခြင်း၊ ကျေးရွာများအတွင်း ဒရုန်းဗုံးကြဲချခြင်း ၊ဆက်ကြေးများကောက်ခံခြင်း ၊ ကျောင်းသား/ ကျောင်းသူများအား ကျောင်းမတက်နိင်ရေးအတွက်ခြိမ်းခြောက်ခြင်း ၊စာသင်ကျောင်းများအား ဗုံးခွဲတိုက်ခိုက်ခြင်း၊ လျှပ် စစ်ဆက်သွယ်ရေးတာဝါတိုင်များအား ဖျက်ဆီးခြင်း၊ ဖုံးအော်ပရေတာဆက်သွယ်ရေးတာဝါတိုင်များကို ဖောက်ခွဲခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်လျှက်ရှိကြောင်း သိရပါသည်။

#PAN