ပေါက်ခေါင်းမြို့နယ်အတွင်း အကြမ်းဖက်သမား PDF များက နှုတ်ထွက်ရန်ဖိအားပေးခံရသူတစ်ဦးဖြစ်သော NLD ထောက်ခံသူကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး သတ်ဖြတ်ခံရ

သြဂုတ် ၁၇

    ယမန်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်အချိန်ခန့်တွင်  ပေါက်ခေါင်းမြို့နယ်၊ အင်ငါးခွကျေးရွာအုပ်စု၊ တာကောက်ကျေးရွာနေ ဦးဇော်လင်းအောင်၊၅၁ နှစ်၊ (ဘ)ဦးကြည်၊ ဗမာ/ဗုဒ္ဓ၊ကျေးရွာအုပ်ချုပ်ရေးမှူးကို အကြမ်းဖက်သမား PDF (စိစစ်ဆဲ) ၃ ဦးက လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သည်။

       ထိုသို့ ပစ်ခတ်မှုကြောင့် ဦးဇော်လင်းအောင် တွင် လက်နက်ငယ် ကျည် ခါးဖောက်ဝင် ၁ ချက်၊ ဆီးခုံ ဖောက်ဝင် ၁ ချက်၊ ဘယ်ပေါင်ဖောက်ဝင် ၁ ချက်၊ ညာပေါင်ဖောက်ဝင် ၁ ချက်ဒဏ်ရာ​ဖြင့် နေရာတွင် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

       ဖြစ်စဉ်မှာ ဦးဇော်လင်းအောင်သည် ၎င်း၏ အိမ်ရှေ့တွင် သမက်ဖြစ်သူ မောင်ကျော်ကိုကိုထက်၊ တစ်ရွာတည်းနေ မောင်နီတွတ်၊ မောင်ဇော်ဇော်အောင် တို့နှင့်အတူ ပိုက်ကျော်ခြင်းခတ်နေစဉ် ဆိုင်ကယ် ၂ စီး၊ အကြမ်းဖက်သမား PDF ၃ ဦးသည် နေအိမ်ရှေ့သို့ ရောက်ရှိလာပြီး လက် နက်ငယ်ဖြင့် ဦးဇော်လင်းအောင်ကို ၄ ချက်ခန့် ပစ်ခတ်၍ ပြည် – ပေါက်ခေါင်းကားလမ်းအတိုင်း ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

      သေဆုံးသူ ဦးဇော်လင်းအောင်မှာ အုပ်ချုပ်ရေးမှူးတာဝန်ကို ၂၀၀၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့မှ စတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်းနေ အိမ်တွင် ကျား ၂ ဦး၊ မ ၃ ဦးရှိကြောင်း၊ ၎င်းသည် NLD ထောက်ခံသူတစ်ဦးဖြစ်ပြီး ၎င်းအား အုပ်ချုပ်ရေးမှူးတာဝန်မှ နှုတ်ထွက်ရန် ဖိအားပေးခံရသူ တစ်ဦးဖြစ်ပြီး ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် လုံခြုံရေးဆောင်ရွက်ရာတွင်ပါဝင်ခြင်းကြောင့် NUG ၏ လမ်းညွှန်မှုအရ အကြမ်းဖက် PDF များက ယခုလို လုပ်ကြံသတ်ဖြတ်ခြင်းဖြစ် ကြောင်း သိရသည်။

       အဆိုပါ အကြမ်းဖက်သမား PDF များသည် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းအောင် ကို သတ်ဖြတ်ပြီးနောက် ၎င်း အကြမ်းဖက်သောင်းကျန်းသူ PDF များသည် ပြည် – ပေါက်ခေါင်းကားလမ်းအတိုင်း ဗောဓိကုန်းကျေးရွာ၊ ၎င်းမှတဆင့် – အိုင်စောက်ကျေးရွာ – သဖန်းကိုင်းကျေးရွာ – မြေနီလမ်းအတိုင်း – ရွှေလေးဆည်ဘက်သို့ မောင်းနှင် ထွက်ပြေးသွားနိုင်ကြောင်း ဒေသခံရွာသားများက သုံးသပ်ထားသည်။

#PAN