“ရုရှားနိုင်ငံက ကမ္ဘာ့နိုင်ငံများနှင့် ၎င်းတို့ နိုင်ငံ အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ထူထောင်နိုင်ရန် အတွက် နိုင်ငံတကာ စစ်ရေး နည်းပညာ ပြပွဲကြီးကို စီစဥ်ပြသခဲ့”

သြဂုတ် ၁၆

ရုရှားနိုင်ငံ နှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ထူထောင်နိုင်ရန် ကမ္ဘာ့နိုင်ငံများကို သမ္မတ ပူတင်က ဖိတ်ကြား ခဲ့တာဖြစ်ပါတယ်။

ရုရှား သမ္မတ ဗလာဒီမာပူတင်က ၎င်းတို့ နိုင်ငံအတွင်း ခေတ်မှီ လက်နက် နည်းပညာများ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ အပါအဝင် ကာကွယ်ရေးနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကမ္ဘာ့ နိုင်ငံတွေကို ဖိတ်ကြားခဲ့တာလည်းဖြစ်ပါတယ်။

အမေရိကန် နိုင်ငံအပါအဝင် အနောက်တိုင်း သတင်းဌာနအစီအစဉ် များကတော့ အဆိုပါ ဖိတိကြားမှုများကို ကမ္ဘာလုံးဆိုင်ရာမဟာ မိတ်ဖွဲ့ရန် Kremin(ရုရှား) ၏ ကြိုးပမ်းမှု တစ်ခုဖြစ်တယ်လို့ဖော်ပြပြောဆိုနေကြပါတယ်။

ပြီးခဲ့သည့် အင်္ဂါနေ့က ရုရှားသမ္မတ ဗလာဒီမာပူတင် သည် ရုရှားနိုင်ငံနှင့် ကာကွယ်ရေး ဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံအများအပြားကို ဖိတ်ကြားခဲ့တာဖြစ်ပြီး သမ္မတ ပူတင် က ၎င်း၏ မိတ်ဖက်နိုင်ငံ လုပ်ဖော်ကိုင်ဖက်များအား အဆင့်မြင့် လက်နက် ဆိုင်ရာ ထိန်းချုပ်မှုစနစ်များ၊ ထောက်လှမ်း ရေးစနစ်များ၊ တိကျမှုမြင့်မားသော လက်နက်များနှင့် စက်ရုပ်များအပါအဝင် ခေတ်မှီ လက်နက် အမျိုးအစားအားလုံးနီးပါး၏ နောက်ဆုံးပေါ်လက်နက်များကို ထုတ်ဖော် ပြသခဲ့တာလည်းဖြစ်ပါတယ်။

ရုရှားသည် နိုင်ငံများအား တန်းတူရှိမှုကို အခြေခံပြီး အခြားနိုင်ငံများနှင့် ၎င်း၏ နည်းပညာ မိတ်ဖက်များနှင့် စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းအောင် လုပ်ဆောင်ရန် တံခါးဖွင့်ထားပြီး နိုင်ငံတစ်နိုင်ငံချင်းစီ၏ လွတ်လပ်သော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို လိုလားသော နိုင်ငံ အားလုံးနှင့် လက်တွဲလုပ်ဆောင်သွားနိုင် ရန် ဖွင့်လှစ်ထားခဲ့တာဖြစ်ပါတယ်။

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ပြီးခဲ့သည့် တနင်္လာနေ့ (14/8/2023) တွင် နိုင်ငံတကာ နည်းပညာ-စစ်ရေးဖိုရမ် ဖွင့်ပွဲတွင် ရုရှားနိုင်ငံ၏ သမ္မတ ပူတင်က အထက်ပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပြီးမော်စကိုတွင် နိုင်ငံတကာနည်းပညာ-စစ်ရေးဖိုရမ်ဖြစ်သည့်
” intl military forum 2023 ” ကို ဩဂုတ်လ ၁၄ ရက်က ကျင်းပခဲ့ တာဖြစ် ပါတယ်။