ဖာပွန်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမြို့နယ်ကော်မတီဝင် တစ်ဦး ၎င်း၏လယ်တောအတွင်းအကြမ်း ဖက်သောင်းကျန်းသူ KNU အဖွဲ့က စနိုက်ဘာဖြင့် ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်

ဩဂုတ် ၁၆

        ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမြို့နယ်ကော်မတီဝင် ဦးဘသန်း၊ ၅၃နှစ်
သည် သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဖာပွန်မြို့နယ်၊တံခွန်တိုင်ကျေးရွာရှိ ၎င်းပိုင်လယ်တောအတွင်း ရေနှစ်မြှုပ်သွားသောစပါးပျိုးပင်များအား နှုတ်၍ စပါးပင်ပေါ်ကပ်ညှိနေသောနှုန်းများကို ယွန်းစလင်းချောင်းအတွင်းတစ်ဦးတည်း သွားရောက်ဆေးနေစဥ် အကြမ်း ဖက်သောင်းကျန်းသူ KNU အဖွဲ့များ၏ စနိုက်ဘာဖြင့် ချောင်းမြောင်းပစ်ခတ်ခံရသည်။

         ထိုသို့ စနိုက်ဘာဖြင့် ပစ်ခတ်မှုကြောင့် ဦးဘသန်း တွင် ဦးခါင်းထိမှန်ကာ ယွန်းစလင်းချောင်းအတွင်း ကျရောက်သေဆုံးသွားခဲ့သည်။၎င်း ရုပ်အလောင်းကို ယနေ့ နံနက်၁၁ နာရီအချိန်ခန့်တွင် ဖာပွန်မြို့နယ်၊ ဝေမှုန်ကျေးရွာအနီး ယွန်းလင်းချောင်း၌ ပြန်လည်တွေ့ရှိရကြောင်း သတင်း ရရှိပါသည်။

        အကြမ်းဖက်သောင်းကျန်းသူ KNU အဖွဲ့သည် ယခုလို လက်နက်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထား ပစ်ခတ်သတ်ဖြတ်နေခြင်းသည် နိုင်ငံတကာစစ်ဥပဒေ (ခေါ်) ဂျီနီဗာကွန်ဗင်းရှင်းပါ ပြဌာန်းချက်များကို ဖောက်ဖျက်နေခြင်းဖြစ်ပါသည်။ ထိုသို့ လက်နက်အားကိုးဖြင့် လက်နက်မဲ့ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်နေခြင်းများကြောင့် ပြည်သူများက ၎င်းတို့ကို ကြောက်လန့်ရွံရှာပြီး ထောက်ခံခြင်းမရှိကြောင်း သိရပါသည်။

#PAN