ပြည်ကြီးတံခွန်မြို့နယ်ရှိ “ချမ်းမြေ့ရိပ်မွန် Guest House”တွင် Sun Shape ပေါ်တွင် သန့်ရှင်းရေးပြုလုပ်စဥ် ဓာတ်လိုက်ပြီး ဟိုတယ်ပိုင်ရှင်အပါ အဝင် ၄ ဦး အောက်သို့ ပြုတ်ကျ သေဆုံး၊ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့

ဩဂုတ် ၁၆

        ယနေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်ခန့်တွင်
မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်၊
(ည)ရပ်ကွက်၊၁၃၉လမ်းနှင့်၆၈လမ်းထောင့်ရှိ
“ချမ်းမြေ့ရိပ်မွန် Guest House”တွင် ဒေါ်မြနန္ဒာအေး၊ ၄၅နှစ်၊(ဘ)ဦးသန်းရွှေ၊၊ဗမာ/ဗုဒ္ဓ၊ဟို တယ်ပိုင်ရှင်၊အကွက်အမှတ်/စစ_၈၅၂(အေ) × ၁၀၅ လမ်းထောင့်၊အောင်ပင်လယ်ရပ်ကွက်နေထိုင်သူသည် ဦးကျော်ကြီး(စိစစ်ဆဲ)၊မလင်း(စိစစ်ဆဲ)နှင့် ဦးတိုးတိုးနိုင်(စိစစ်ဆဲ) ၃ ဦးတို့ကို ဟိုတယ်ပထမအထပ်ရှိ Sun Shape ပေါ်တွင် သန့်ရှင်းရေးပြုလုပ်ရာတွင် ကြီးကြပ်စဥ် ဓါတ်လိုက်ပြီး ၄ ဦးစလုံး အောက်သို့ ပြုတ်ကျခဲ့ကြောင်း သိရပါ သည်။

       ထိုသို့ပြုတ်ကျရာမှ ဒေါ်မြနန္ဒာအေး သည် အောက်ဘက် ကတ္တရာလမ်းနှင့် ဦးခေါင်းရိုက်မိပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ ဦးကျော်ကြီး၊ မလင်းနှင့် ဦးတိုးတိုးနိုင် ၃ ဦးတို့မှာ မစိုးရိမ်ရဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

     အဆိုပါ Sun Shape ပေါ်တွင် သန့်ရှင်းရေးပြုလုပ်ရာတွင် ၎င်း Sun Shape သွပ်ပြားစနှင့် လျှပ်စစ်မီးကြိုးထိမိနေစဥ် Sun Shape ပေါ်သို့ ရေလောင်းပြီးဆေးကြောရာမှ ဓာတ်လိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#PAN