ထားဝယ်မြို့ အကျဥ်းဦးစီးဌာနအတွင်းရှိ လိုင်ခန်း၌ နေထိုင်သူ ဦးစီးအရာရှိတစ်ဦး၏ နေအိမ်ကို တာဝန်ရှိသူတို့က ရှောင်တခင်စစ်ဆေးရာ မူးယစ်ဆေးဝါး၊ ခဲယမ်းအချို့နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆီးရမိ

ဩဂုတ် ၁၅

        သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ကျောက်မော်ရပ်ကွက်ရှိ အကျဥ်းဦးစီးဌာနအတွင်း လိုင်ခန်း၌ နေထိုင်သူ ၊ဦးစီးအရာရှိ သူရိန်ထွန်း နေအိမ်သို့ ထားဝယ်ခရိုင်နှင့်မြို့နယ် ရဲတပ်ဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မူးယစ်တပ်ဖွဲ့မှ တာ ဝန်ရှိသူများ၊ ထားဝယ်အကျဥ်းဦးစီးဌာနမှ ထောင်ပိုင်ကြီးနှင့် တာဝန်ရှိသူတို့က ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ရှောင်တခင်စစ်ဆေးခဲ့ရာ ၎င်းနေအိမ်အတွင်းမှ လက်က်ိုင်ဖုန်း ကီးပတ် ၄၉ လုံး၊ တက်စခရင် ၃၀ လုံး၊ ပါဝါစက် ၉ လုံး၊ လေဒီယို ၁ လုံး၊အားသွင်းကြိုးအမျိုးစုံ ၃၂ ချောင်း၊ ၉မမကျည် ၁၀၈တောင့်၊ ၅.၅၆ကျည် ၆၄ တောင့်၊ WY စာ တမ်းပါ စိတ်ကြွဆေးပြား ၄၃၁ပြား၊ ICE ဟုယူစရသောဆေး ၄၄.၅၁ ဂရမ်၊ ဆေးခြောက် ၄.၁၈ ဂရမ် တို့ကို တွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့ကြောင်းသတင်းရရှိပါသည်။

#PAN