“ဂျပန်နိုင်ငံအနောက်ဘက်ပိုင်းတွင် အပူပိုင်း မုန်တိုင်း တိုက်ခတ်မှုများကြောင့် ရေကြီး ရေလျှံမှု များဖြစ်ပေါ်ကာ မြို့ခံလူ ၁၈၀,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ရွှေ့ ပြောင်းနေရာချပေး ထားရ”

သြဂုတ် ၁၆

အပူပိုင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် မြစ်ချောင်းများ ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ မြေပြိုမှုသတိပေးချက်များ ထွက်ပေါ်လာ ခြင်းကြောင့် ဂျပန်နိုင်ငံအနောက်ဘက်ပိုင်းရှိ မြို့ခံ ၁၈၀,၀၀၀ ကျော်ကို ပြီးခဲ့သည့် အင်္ဂါနေ့တွင် ပြောင်းရွှေ့ နေထိုင်မှုများ ပြုလုပ်ကြရန် ဂျပန်အစိုးရက တိုက်တွန်းခဲ့ တာလည်း ဖြစ်ပါတယ်။

တိုင်ဖွန်းမုန်တိုင်း မှသည် အင်အားအဆင့်နိမ့်ကျသွားသော အပူပိုင်းမုန်တိုင်းသည် ပြီးခဲ့သည့် တနင်္လာနေ့ နံနက် ၅ နာရီ (20: 00 ဂရင်းနစ်စံတော်ချိန် GMT) တွင် ပစိဖိတ်သမုဒ္ဒရာမှ မုန်တိုင်းစက်ဝန်း ကျယ် လာပြီး မြောက်ဘက်သို့ ရွေ့လျားလာသော လေပြင်းများနှင့်အတူ ဂျပန်နိုင်ငံ Osaka နှင့် Kobe မြို့တို့၏ စီးပွားရေးအချက်အချာကျရာနေရာများကို စိမ့်ဝင်တိုက်ခတ်နေတာလည်းဖြစ်ပါတယ်။

ဂျပန်ပင်လယ်ကို မျက်နှာမူထားသည့် တိုတိုရီမြို့သည် ဒေသအတွင်း မကြုံစဖူး မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ မိုးလေဝသအေဂျင်စီက သတိပေးထား သောကြောင့် လူပေါင်း ၁၈၂,၀၀၀ ကျော်ခန့်ကို အထက်ပါနေ့၏ မွန်းလွဲပိုင်းတွင် ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းရန် ထိပ်တန်းအဆင့် သတိပေးချက်များ ထုတ်ပြန်ခဲ့ကြတာ လည်းဖြစ်ပါတယ်။

“အသက်အန္တရာယ် စိုးရိမ်ရတယ်။ ဒေသခံတွေဟာ ကိုယ်ရေးကိုယ်တာ လုံခြုံရေးကို ချက်ချင်းအာမခံနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်” လို့ ဂျပန်မိုးလေဝသအေဂျင်စီမှ Satoshi Sugimoto က သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။

ရေကြီးမှုအန္တရာယ်ကြောင့် ဒေသတွင်းရှိ ပြည်သူများအား မြင့်မားသောနေရာများတွင် ခိုလှုံနေထိုင်ရန် Sugimoto က တိုက်တွန်းခဲ့ပြီး လျှပ်စစ်မီးကို အများစု ပြန်လည်ရရှိခဲ့ပြီဖြစ်သော်လည်း ပြီးခဲ့သည့် အင်္ဂါနေ့ညနေပိုင်းအထိ အိမ်ထောင်စု ၉၂၀၀ ပြတ်တောက်သွားခဲ့ကြောင်း ဒေသခံ utility သတင်းဌာနမှ ဖော်ပြပြောဆိုထားပါတယ်။