“ကင်ဂျုံအန်းက ရုရှား သမ္မတ ပူတင်ထံ ကြေးနန်းစာတစ်စောင် ပေးပို့ခဲ့”

သြဂုတ် ၁၆

ရုရှား – မြောက်ကိုရီးယား နှစ်နိုင်ငံ ၏ ဘုံရည်မှန်းချက်များနှင့် ကြီးကျယ်ခမ်းနားသော လုပ်ဆောင်ချက်များ အောင်မြင်ရန်အတွက် ကျနော်တို့နိုင်ငံ အချင်းချင်း စည်းလုံး ညီညွတ်မှုကို အမြဲပြသနေပြီး နှစ်နိုင်ငံ အားကောင်း မောင်းသန်စွာဖြင့် ထောက်ခံအားပေးကာ အောင်ပွဲများကို မလွဲမသွေ ရရှိနိုင်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင် ကင်ဂျုံအန်း က ရေးသားပေး ပို့ခဲ့တာဖြစ် ပါတယ်။

ရုရှား နိုင်ငံ၏ အစိုးရ၊ စစ်တပ်နှင့် ရုရှားပြည်သူများထံ သို့ ၎င်း၏ နှုတ်ခွန်းဆက်စကား ပေးပို့ခဲ့ပြီး ရုရှားသမ္မတ ပူတင်အား ၎င်း၏ တာဝန်ဝတ္တရားများ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်လို့ လည်း ရေးသား ပေးပို့ခဲ့တာဖြစ်ပါတယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနက ယနေ့ သြဂုတ်လ ၁၆ရက်နေ့တွင် ဖော်ပြပြော ဆိုထားပါတယ်။