“တောင်အာဖရိက နိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ် မြို့တွင် ကျင်းပပြုလုပ်မည့်BRICS အဖွဲ့အစည်းကြီး၏ စွမ်းအင်ဆိုင်ရာ ဝန်ကြီးများ အဆင့် အစည်းအဝေးမတိုင်မှီ ရုရှား -တောင်အာဖရိက နှစ်နိုင်ငံတို့အကြား ရေနံ နှင့် သဘာဝဓာတ်ငွေ့ ဆိုင်ရာ စွမ်းအင် ကဏ္ဍများ ပူပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးမှုများပြုလုပ်ခဲ့”

သြဂုတ် ၁၆

ရုရှားနိုင်ငံ နှင့် တောင်အာဖရိက နိုင်ငံတို့အကြား သဘာဝ ဓာတ်ငွေ့ထောက်ပံ့မှုများအပါအဝင် နှစ်နိုင်ငံ စွမ်းအင် ကဏ္ဍတွင် ပူးပေါင်းဆောင် ရွက်မည့် စီမံကိန်းများကို ဆွေးနွေးနိုင် ခဲ့ကြကြောင်း ရုရှားစွမ်း အင်ဝန်ကြီးဌာနက ပြောကြားခဲ့တာဖြစ်ပါတယ်။

လာမည့် ဩဂုတ် ၁၈ ရက်နေ့တွင် တောင်အာဖရိက နိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့၌ ကျင်းပမည့် BRICS အဖွဲ့အစည်းဆိုင်ရာ စွမ်းအင်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးမတိုင်မီ အဆိုပါ ဓာတ်ငွေ့၊ ရေနံနှင့် စွမ်းအင်ကဏ္ဍများတွင် ရုရှားနှင့် တောင်အာဖရိက နှစ်နိုင်ငံ တို့က ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ရုရှားနိုင်ငံ ဒုတိယစွမ်းအင်ဝန်ကြီး Sergey Mochalnikov နှင့် ရုရှားနိုင်ငံဆိုင်ရာ တောင်အာဖရိကသံအမတ်ကြီး Mzuvukile Jeff Maqetuka တို့က တောင်အာဖရိက နိုင်ငံ၏ စွမ်းအင်ထုတ်လုပ်နိုင်မှုများ ဖွံ့ဖြိုးတိုးတက်လာနိုင်စေရန် လိုအပ်သည့် ကဏ္ဍများ အပြင် တောင်အာဖရိက နိုင်ငံ အတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုများ ကြီးထွားလာမှုဆိုင်ရာ ကိစ္စရပ်များကိုပါ ဆွေးနွေးခဲ့ကြကြောင်း သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။