ပဲခူးမြို့နယ်အတွင်း ရေဝင်ရောက်မှုကြောင့် ပိတ်ထားရသည့်အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်

သြဂုတ် ၁၅

      ပဲခူးမြစ်ရေသည် သြဂုတ်လ ၈ ရက်နေ့မှစတင်၍ စိုးရိမ်ရေအမှတ်(၈၈၀)စင်တီမီတာ ကျော်လွန်မြင့်တက်လာမှုကြောင့် ပဲခူးမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်နှင့်ကျေးရွာအချို့ ရေဝင်ရောက်ကာရေကြီးနစ်မြုပ်ခဲ့ကြပြီး ရေကြီးနစ်မြုပ်သည့် ရပ်ကွက်နှင့် ကျေးရွာအချို့မှ အထကကျောင်း ၂ကျောင်း၊ အထက(ခွဲ) ၃ ကျောင်း၊ အလက ကျောင်း ၁ ကျောင်း၊ အလက(ခွဲ) ၁၂ ကျောင်း၊ အမက ကျောင်း ၂၅ ကျောင်း၊ အမက (ခွဲ)ကျောင်း ၁ကျောင်း၊ကိုယ်ပိုင်ကျောင်း ၁ ကျောင်း၊ စုစုပေါင်းခြေခံပညာကျောင်း ၄၅  ကျောင်း ယာယီပိတ်ထားခဲ့ရကြောင်းသိရသည်။

         ယခုအခါ သြဂုတ်လ(၁၃)ရက်နေ့မှစတင်၍ ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်အောက် ပြန် လည်ကျဆင်းသွားပြီဖြစ်သဖြင့် ပဲခူးမြို့နယ်အတွင်း ပဲခူးမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့်ကျောင်းများအားလုံး သြဂုတ်လ ၁၄ ရက်နေ့တွင် အခြေခံပညာကျောင်း ၁၅ ကျောင်း၊ သြဂုတ်လ ၁၅ ရက်နေ့တွင် အခြေခံ ပညာကျောင်း ၂၉ ကျောင်း၊စုစုပေါင်း ၄၄ ကျောင်း ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား/ သူ များအေးချမ်းစွာပညာသင်ကြားလျှက်ရှိကြောင်းသတင်းရရှိသည်။