“တရုတ်နိုင်ငံက ပါဝါ အလွန်အကျွံ မဆုံးရှုံးနိုင်သော အပူလွန်ကဲခြင်းမရှိသော အကန့်အသတ်မရှိ ပစ်ခတ်နိုင်သော လေဆာ လက်နက် စနစ်သစ်ကြီးကို အောင်မြင်စွာ တည်ထွင်နိုင်ခဲ့”

သြဂုတ် ၁၅

တရုတ်နိုင်ငံစစ်တပ်၏ သိပ္ပံပညာရှင်များက ပါဝါအလွန်အကျွံ မဆုံးရှုံးနိုင်သော အပူလွန်ကဲ ခြင်းမရှိသော အကန့်အသတ်မရှိ ပစ်ခတ်နိုင်သည့် လေဆာလက်နက် စနစ်သစ်ကြီး တစ်ခုကို ကမ္ဘာကိုသိအောင် ကြေညာလိုက်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံအတွင်း ရှိ National University of Defense Technology မှ သုတေသီပညာရှင် များသည် လေဆာလက်နက်များကို အသုံးပြုရာတွင် အပူလွန်ကဲသော အကြီးမားဆုံးစိန်ခေါ်မှုကို ကျော်လွှားနိုင်ခဲ့ တယ်လို့ လည်း သတင်းဌာနများက ပြီးခဲ့သည့် သြဂုတ်လ ၁၄ရက်နေ့က ဖော်ပြပြော ဆိုထားကြပါတယ်။

ခေတ်မှီ စစ်ပွဲဒရုန်းများကဲ့သို့ မောင်းသူမဲ့ လေယာဉ်များကို မောင်းနှင်ရန် စွမ်းအင် မြင့်လေဆာစနစ်များကို အသုံးပြုထား သော်လည်း လေဆာစနစ် လက်နက်များသည် အသုံးပြုမှုတိုင်းတွင် အလွန်အမင်း အပူရှိန်မြင့်မား နေသောကြောင့် အဆိုပါ လက်နက် ကိုအသုံးပြုကြသည့် အော်ပရေတာ များကို အအေးခံနိုင်ရန် နည်းပညာများကို အဆင့်မြှင့်တင်ထားတာလည်းဖြစ်ပါတယ်။

သို့သော် တရုတ်သိပ္ပံပညာရှင်များသည် အပူကို တွန်းထုတ်နိုင်ရန်နှင့် တိကျစွာပစ်မှတ်ကို ပစ်ခတ်နိုင်ရန်အတွက် လေဆာ၏စီးဆင်းမှုကို အကောင်းဆုံးဖြစ်အောင် လက်နက်မှတစ်ဆင့် ဓာတ်ငွေ့များမှုတ်ထုတ်သည့် အအေးပေး စနစ်တစ်ခုကို တီထွင်ခဲ့ကြောင်းလည်း သိရပါတယ်။

လေဆာလက်နက်များကို သိပ္ပံဆိုင်ရာ ရုပ်ရှင်ကားများတွင်သာ ရှိတယ်လို့တစ်ချိန်က ယူဆခဲ့ကြသော်လည်း ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများ၏ အစိုးရများသည် ပြီးပြည့်စုံသောနည်းပညာကို ဆယ်စုနှစ်များစွာ လုပ်ဆောင်နေခဲ့ကြပြီး အမေရိကန်နိုင်ငံသည် ဒရုန်းများနှင့် ဒုံးခွင်းဒုံးများတွင် လေဆာရောင် ခြည်များ တပ်ဆင်နိုင်စေမည့် ယခု တရုတ်သိပ္ပံပညာရှင်များ အောင်မြင်မှုရရှိခဲ့သည့်အတိုင်း ရရှိစေရန် အမေရိကန် နိုင်ငံက အဆိုပါ နည်းတူ တီထွင်မှုများကို ကာလရှည်ကြာ လုပ်ဆောင်နေခဲ့တာလည်းဖြစ်ပါတယ်။