သံဖြူဇရပ်မြို့နယ်၊ ဝဲခမီကျေးရွာ အနီးတွင် သြဂုတ်လ ၁၁ ရက်နေ့က ဖမ်းဆီးရမိခဲ့သော တရားမဝင် ဘင်္ဂါလီလူမျိုးများကို ကျိုက်မရောအကျဉ်း ထောင်သို့ ပို့ဆောင်၊(၁၀)နှစ်အောက်နှင့် (၆)နှစ်အထက် ကလေးများကို မော်လမြိုင်မြို့၊ ကျွဲခြံကုန်းရပ်ကွက်ရှိ အစ္စလာမ်စာသင်ကျောင်းတွင် အပ်နှံ

သြဂုတ် ၁၅

      မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမီကျေးရွာ အနီးတွင် သြဂုတ်လ ၁၁ ရက်နေ့က နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့သည် ၆ ဘီးမော်တော်ယာဉ် ၃ စီးကို မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာမှ တရားမဝင် ဘင်္ဂါလီလူမျိုး ကျား ၁၂၇ ဦး၊ မ ၁၈ ဦး စုစုပေါင်း ၁၄၅ ဦးတို့ကို ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။

       ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် အဆိုပါ တရားမဝင်ဘင်္ဂါလီ ကျား ၁၂၃ ဦး၊ မ ၁၇ ဦး၊ စုစုပေါင်း ၁၄၀ ဦးတို့ကို ကျိုက်မရောအကျဉ်း ထောင်သို့ ပို့ဆောင်ရန်နှင့် (၁၀)နှစ်အောက်နှင့် (၆)နှစ်အထက် ကျား ၄ ဦး၊ မ ၁ ဦး၊ ပေါင်း ၅ ဦး၊ စုစုပေါင်း ကျား ၁၂၇ ဦး၊ မ ၁၈ ဦးတို့အား မော်လမြိုင်မြို့၊ ကျွဲခြံကုန်း ရပ်ကွက်ရှိ ဇာမေအာဇမီရီယာကာစီမိုလွန်းအိုလွန်စာသင်ကျောင်းသို့ အပ်နှံရန်အတွက် မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါလျှက်  ယာဉ် အမှတ်၊ 7F-5592၊ Honda Fit၊ GE-6 ခဲရောင်ပါ မော်တော်ယာဥ် ၅ စီးဖြင့် ထွက်ခွာသွားခဲ့သည်။

       ယနေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင်  တရားမဝင်ဘင်္ဂါလီ ၁၄၀ ဦးမှာ ကျိုက်မရောအကျဉ်းထောင်သို့ ရောက်ရှိပြီး အကျဉ်းထောင်မှ တာဝန်ရှိသူများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ နံနက် ၁၀ နာရီခွဲအချိန်တွင် (၁၀)နှစ်နှင့် (၆)နှစ်အထက် ကျား (၄)ဦး၊ မ(၁)ဦး၊ ပေါင်း(၅)ဦး တို့အား မြို့နယ်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက မော်လမြိုင်မြို့၊ ကျွဲခြံကုန်း ရပ်ကွက်ရှိ ဇာမေအာဇမီရီ ယာကာစီမိုလွန်းအိုလွန်စာသင်ကျောင်းမှ ကျောင်းအုပ်ကြီး မွတ်ဖတီအာဂျက် ထံသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN