မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ မိကျောင်း ကုန်းဘုန်းကြီး ကျောင်းဝန်းအတွင်းရှိ လေးမျက် နှာဘုရားလှိုင်ဂူအတွင်း၌ တရားထိုင်နေသူ တစ်ဦးကို စိစစ်ဆဲ အမျိုးသားတစ်ဦးမှ ဦးခေါင်းအား အုတ်ခဲဖြင့် ထုရိုက်သတ်ဖြတ်ခဲ့

ဩဂုတ် ၁၅

       ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် ဒေါ်သီတာမိုး၊  ၃၉ နှစ်၊ (ဘ)ဦးဖိုးခွေး၊ ၁၂/လကန (နိုင်)၂၁၁၆၆၄၊ ဗမာ/ဗုဒ္ဓ၊ စက်ချုပ်၊  ပြည်သာ ယာလမ်း၊ အမှတ်(၄)ရပ်ကွက်၊ မြဝတီမြို့ နေသူသည် နေအိမ်အနီးရှိ  အန်တီချို၏ အထည်ချုပ်ရုံ စက်ချုပ်နေစဉ် ဒေါ်သီတာမိုး ၏ ခင်ပွန်းဖြစ်သူ နေနိုင်လင်း၊ ၄၂ နှစ်၊ (ဘ)ဦးသန်းထွန်း၊ ဗမာ/ဗုဒ္ဓ၊ သံပန်းတံခါး လုပ်ငန်း၊ တောရကျောင်းလမ်း၊ အမှတ်(၄)ရပ်ကွက်၊ မြဝတီမြို့ နေသူမှာ ဦးခေါင်းသွေး ထွက်ဒဏ်ရာ များဖြင့် သေဆုံးကာ မြဝတီခရိုင်ပြည်သူ့ဆေးရုံတွင် ရောက်ရှိနေကြောင်း သိရှိရသဖြင့် သွားရောက်ခဲ့ရာ ခင်ပွန်းဖြစ်သူ နေနိုင်လင်းအား ရင်ခွဲရုံတွင် ဝဲဘက်မျက် ခုံးအနီး ၁ လက်မခန့်၊ ပေါက်ပြဲသွေးထွက်ဒဏ် ရာ၊ဦးခေါင်းဝဲဘက်နားထင်ဖူးရောင်ဒဏ်ရာ၊ဦး ခေါင်းနောက် စေ့ပေါက်ပြဲဖူးရောင် ဒဏ်ရာများဖြင့် သေဆုံး နေသည်ကိုတွေ့ရှိခဲ့ရသည်။

       ဖြစ်စဥ်မှာ အဆိုပါ သေဆုံးသူ နေနိုင်လင်းသည် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ မိကျောင်း ကုန်းဘုန်းကြီး ကျောင်းဝန်းအတွင်းရှိ လေးမျက် နှာဘုရားလှိုင်ဂူအတွင်း၌ တရားထိုင်နေစဉ် စိစစ်ဆဲ အမျိုးသားတစ်ဦးမှ ဦးခေါင်းအား အုတ်ခဲဖြင့် ထုရိုက်နှက်ခဲ့သောကြောင့် သွေးအိုင်ထဲတွင် လဲကျနေသည်ကို မိကျောင်းကုန်းဘုန်း ကြီးကျောင်းမှ ဦးဇင်း ဦးအိန္ဒဝံသ က ပဌာန်းရွတ်ရန်သွားရောက်စဉ် စတင်မြင်တွေ့ခဲ့ကြောင်း သိရသည်။

      ခင်ပွန်းဖြစ်သူ နေနိုင်လင်း၏ ဦးခေါင်းအား အုတ်နီခဲဖြင့် ထုရိုက်မှုကြောင့် သေဆုံးစေသူ အမည်အသိအမျိုးသား(စုံစမ်းအား)အရေးယူပေးပါရန် ဒေါ်သီတာမိုးက တရားလိုပြုလုပ် တိုင်တန်း ခဲ့ရာ နယ်မြေရဲစခန်းမှ တရားခံ ဖမ်းဆီးရမိရေး လိုက်လံစုံစမ်းဖမ်းဆီးလျက်ရှိကြောင်း  သတင်းရရှိပါသည်။

#PAN