လုံးခင်းကျေးရွာအုပ်စု သင်္ဂဟနာရေးကူညီမှုအသင်း ဒုဥက္ကဌ အကြမ်းဖက်အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်

သြဂုတ် ၁၄

      ယနေ့ နံနက် ၇ နာရီချိန်ခန့်တွင် စိစစ်ဆဲလူ သတ်အကြမ်းဖက် PDFအဖွဲ့တဖွဲ့က ဖားကန့်မြို့ နယ် ၊ လုံးခင်း​ကျေးရွာအုပ်စု မှော်ဆီစာကျေးရွာတွင်နေထိုင်သော လုံးခင်းကျေးရွာအုပ်စု သင်္ဂဟနာရေးကူညီမှုအသင်းကြီး၏ ဒုဥက္ကဌ ဦးမြရွှေ၊၅၄ နှစ်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါသည်။

       ဦးမြရွှေသည် ၎င်း၏နေအိမ်၌ ရှိနေစဉ် လက်နက် ကိုင်အကြမ်းဖက်သမား ၅ ဦးရောက်ရှိလာပြီး ဖမ်းဆီး​ခေါ်ဆောင်သွားခြင်းဖြစ်သည်။

    သင်္ဂဟနာရေးကူညီမှုအသင်းကြီးသည် ဆိပ်မူအုပ်စုအတွင်းရှိ စစ်ဘေးရှောင်များကို စားသောက်ဖွယ်ရာများနှင့် လိုအပ်ဆေးဝါးကို အသင်းမှ လှူဒါဏ်ရန် စီစဥ်ဆောင်ရွက်နေစဥ် ဖမ်းဆီးခေါ်ဆောင်းခြင်းခံရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရပါသည်။

         ယခုလို လူမှုရေးအသင်းများက စစ်ဘေးရှောင်တွေကို ကူညီနေသည့်အသင်းများ၏ တာဝန်ရှိသူများကို အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခြင်းသည် လူမှုအသိုင်းအဝိုင်းကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေကြောင်း ဒေသခံများ၏ စိတ်ပျက်ပြောဆိုသံများလည်း ထွက်ပေါ်နေကြောင်း သိရသည်။

#PAN