မုံရွာ – စစ်ကိုင်း ကားလမ်းမပေါ်တွင် အကြမ်း ဖက် PDF များက မိုင်းမျိုးစုံထောင်ထားရာ သတင်းအရ နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့များက ဖော်ထုတ်ရှင်းလင်း၊ အကြမ်းဖက် PDF များက နိုင်ငံတကာစစ်ဥပဒေ (ခေါ်) ဂျီနီဗာကွန်ဗင်းရှင်းကို ကျူးလွန်ချိုးဖောက်

သြဂုတ် ၁၄

      ပြည်ပြေးအကြမ်းဖက်ဂိုဏ်းချုပ် NUG ရဲ့ လမ်းညွှန်မှုတွေကို အကောင်အထည်ဖော်ပေးနေသည့် ပြည်တွင်းအကြမ်းဖက် PDF များသည်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးစစ်ဆေးသတ်ဖြတ်ခြင်း၊ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်များအတွင်းသို့ ရှော့တိုက်ဒုံး၊ လက်လုပ်စိန်ပြောင်း၊ Drone များဖြင့် ရမ်သမ်းပစ်ခတ်ခြင်း ပြုလုပ်ခဲ့ကြသဖြင့် အပြစ်မဲ့ပြည်သူအများအပြား သေဆုံးခဲ့ကြရသည်။

       ယခုလည်း အကြမ်းဖက် PDF များသည် မုံရွာမြို့နှင့် စစ်ကိုင်းမြို့ကြား ကားလမ်းမ တစ် လျှောက်တွင် မိုင်းများထောင်ထားကြောင်း အဆို ပါ အကြမ်းဖက်အဖွဲ့တွင် မိမိသဘောမပါဘဲ အကြောက်တရားကြောင့် ရောက်ရှိနေသော PDF အဖွဲ့ဝင်တစ်ချို့နှင့် ဒေသခံပြည်သူများ၏ သတင်းပေချက်အရ နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့များက ဩဂုတ်လ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့ထိ ဖော်ထုတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

     ထိုသို့ နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့များက မိုင်းမျိုးစုံကို ဖော်ထုတ်ရှင်းလင်းခဲ့ရာ အကြမ်း ဖက် PDF ပဒက်များ ထောင်ထားသည့် လက်လုပ်မိုင်းမျိုးစုံ ၈၂ လုံး၊ ဆားကစ်ပြား ၇ ခု၊ ဝါယာကြိုး ၁၄ ခွေ၊ ဘက္ထရီအိုးမျိုးစုံ ၁၆ လုံး၊ ကီးပက်ဖုန်း ၁၀ လုံး ၊ အားသွင်းဓာတ်ခဲ ၉ လုံး၊ ရီမု ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

       အဆိုပါ မိုင်းမျိုးစုံ ရှင်းလင်းဖော်ထုတ်ခဲ့သော မုံရွာ – စစ်ကိုင်း ကားလမ်းသည် အများပြည်သူများ အသုံးပြုသွားလာနေသော ကားလမ်းမကြီးဖြစ်ပြီး ၎င်း ကားလမ်းမတွင် ယခုလို မိုင်းများထောင်းထားခြင်းသည် စစ်မြေပြင်မဟုတ်သော အရပ်ဖက်သုံးလမ်းမပေါ်တွင် အရပ်သားပြည်သူများ ထိခိုက်သေဆုံးအောင်၊ ကြောက်ရွံထိတ်လန့်မှုများ ဖြစ်ပေါ်အောင် တမင်ရည်ရွယ်ပြီး ပြုလုပ်ထားဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းသည် နိုင်ငံတကာစစ်ဥပဒေ (ခေါ်) ဂျီနီဗာကွန်ဗင်းရှင်း၏ နောက်ဆက်တွဲစာချုပ် (၁)၊ အပိုဒ် ၅၂ အပိုဒ်ခွဲ(၂)ပါ ပြည်တွင်း စစ်ပွဲများတွင် ဘက်နှစ်ဘက် စစ်ဆင်တိုက်ခိုက်နေစဉ် စစ်ရေးပစ်မှတ်ကိုသာ တိုက်ခိုက်ခွင့်ရှိသည်ဆိုသည့်အချက်ကို ချိုးဖောက်နေခြင်း ဖြစ် ကြောင်း သိရသည်။

#PAN