ဒိုက်ဦးမြို့နယ်ရှိအများပြည်သူအသုံးပြုနေသော မိုင်တဲတာဝါတိုင်အား အကြမ်းဖက်အုပ်စု KNU နှင့် PDF သောင်းကျန်းသူများမှ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့

သြဂုတ် ၁၄

      ယမန် နံနက် ၃ နာရီခွဲခန့်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ဝါးဂါမဏိကျေးရွာ ရွာလယ်လမ်းနေ ဦးဇော်ဝင်း ၊၅၀ နှစ်၏ နေအိမ်ခြံဝန်းအတွင်း အနောက်ဘက်ရှိ မိုင်တဲတာဝါတိုင်ကို အကြမ်းဖက်အုပ်စု NUG လက်အောက်ခံ KNUနှင့် PDF သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး သွားခဲ့ကြောင်း သိရသည်။

       သတင်းအရနယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့က အခင်းဖြစ်နေရာသို့ သွားရောက်ရှိစစ်ဆေးခဲ့ရာတွင် အခင်းဖြစ်နေရာ၌ လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့၍ တာဝါတိုင်အောက်ခြေရှိ မီးစက် ၁ လုံး၊ ဘက္ထရီအိုး ၄ လုံးတို့ပျက်စီးခဲ့ပြီး ကာလတန် ဖိုးငွေ သိန်း ၂၀၀ ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီးလိုင်းပြတ်တောက်မှုမခဲ့ရှိကြောင်း၊ ဒိုက်ဦးမြို့မရဲစခန်းမှ (ပ)၁၁၉/၂၀၂၃၊ ပေါက်ကွဲအက်ဥပဒေပုဒ်မ-၃ ဖြင့် အမှုဖွင့်ကာ တရားခံဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN