“တရုတ် နိုင်ငံကာကွယ်ရေးဝန်ကြီး က ရုရှားနိုင်ငံ နှင့် ဘီလာရုစ် နိုင်ငံများသို့ နိုင်ငံတော် အဆင့်ခရီးစဥ် အဖြစ် သွားရောက် လည်ပတ် မှုများ ပြုလုပ် သွားဖွယ်ရှိနေ”

သြဂုတ် ၁၄

တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Li Shangfu က ရုရှားနိုင်ငံ နှင့် ဘီလာရုစ်နိုင်ငံများသို့ လာမည့် သြဂုတ် ၁၄ ရက်မှ ၁၉ ရက်နေ့ အထိ သွားရောက် မည်ဖြစ် ကြောင်း တရုတ်နိုင်ငံ ကာကွယ် ရေးဝန်ကြီးဌာနက ပြောကြားခဲ့တာဖြစ်ပါတယ်။

ယနေ့ တနင်္လာနေ့ တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဌာန၏ ထုတ် ပြန်ချက်တွင် လီ က ရုရှားတွင် ရှိနေစဉ် နိုင်ငံတကာ လုံခြုံရေး အစည်းအဝေးသို့ တက်ရောက်ကာ မိန့်ခွန်း ပြောကြားသွားမည် ဖြစ်ကြောင်းလည်း သိရပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီး Li Shangfu က အဆိုပါ ခရီးစဥ်တွင် ရုရှားနိုင်ငံ အမျိုးသား ကာကွယ်ရေးဌာနမှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည်ဖြစ်ပြီး ဘီလာရုစ်နိုင်ငံ ခရီးစဉ် တွင်လည်း ဘီလာရုစ်နိုင်ငံ အကြီးအကဲ အပါအဝင် ဘီလာရုစ် တပ်မတော်မှ အကြီးအကဲတို့နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ပါတယ်။

ထို့နောက် Li သည် ဘီလာရုစ်နိုင်ငံ ရှိ စစ်ဘက်ဌာနများသို့ သွားရောက်လည်ပတ်မှုများ ပြုလုပ်သွားမည်လည်းဖြစ်ပါတယ်။