ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာအတွင်း အကြမ်းဖက်သမား PDF ၁၂ ဦး၊ဆိုင်ကယ် ၆ စီးဖြင့် ဝင်ရောက်လာပြီး ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ တစ်ဦး၊ NLD ပါတီ ထောက်ခံသူ နှစ်ဦးအပါ အဝင် စုစုပေါင်း လူ ၄ ဦးကို နေရာ ၃ နေရာတွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

သြဂုတ် ၁၃

      ယမန်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာ မြောက်ဘက်မှ အကြမ်းဖက် သမား PDF ၁၂ ဦးဆိုင်ကယ် ၆ စီးဖြင့် ဝင်ရောက်လာပြီး ရွာအဝင်တောစပ်တွင် နွားကျောင်းနေသည့် ကိုဖုန်းတင့်၊၂၀ နှစ်၊ (ဘ) ဦးမိုးဟိန်း
(ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ) ကို သေနတ်ဖြင့် ပစ် ခတ်ခဲ့ရာ ကိုဖုန်းတင့်တွင် ဦးခေါင်းကျည်ဖောက်ထွက်၊ယာဘက်ရင်အုံ၊ယာဘက်ကျော၊ဘယ်ဘက်ဒူး၊ဘယ်ဘက်လက်ဖျံ ကျည်ဖောက်ထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။

      ၎င်းနောက် အကြမ်းဖက်သမားများသည် သားကျင်ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ကျေးရွာအတွင်း နေအိမ်၌ ရှိနေသော ဦးဟန်လင်း၊ ၅၄ နှစ်၊ (ဘ) ဦးတုတ်ကြီး၊(သားကျင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ယောက်ဖ)ကို နေအိမ်၌ပင် သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဦးဟန်လင်းမှာ ဦးခေါင်းကျည်ဖောက်ထွက်ဒဏ်ရာ ၂ ချက်၊ ဝဲးပါး/မျက်လုံးတို့တွင်ကျည်ဖောက်ထွက်ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေ ဆုံးသွားပါသည်။

      အလားတူ အကြမ်းဖက်သမား PDF များ သည် ရွာအရှေ့ပိုင်းရှိ ဈေးဆိုင်၌ရှိနေသည့်ဒေါ်လှလှ၊ ၄၈ နှစ်၊ (ဘ) ဦး​​​သောင်းတင်၊(nld ထောက်ခံသူ)နှင့် မယဉ်မွန်ဇော်၊ ၂၅ နှစ်၊ (ဘ) ဦးအေးဆောင်း၊( nldထောက်ခံသူ)တို့ကို ဒလန်ဟုပြောဆိုကာ ခေါ်ဆောင်သွားကြပြီး ရွာအလယ်ဘောလုံးကွင်းသို့အရောက်တွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဒေါ်လှလှတွင် ဝဲဘက်နားထင်ကျည်ဖောက်ထွက်ဒဏ်ရာနှင့် မယဉ်မွန်ဇော် တွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာတို့ဖြင့် သေဆုံးသွားကြောင်း သတင်းရရှိပါသည်။

#PAN