ကန့်ဘလူမြို့တွင် ဘူးကုန်းကျေးရွာမှ စစ်ဘေးရှောင် မိသားစုကို ၂ နှစ်ခွဲ အရွယ် ကလေးတစ်ဦးမှလွဲ၍ အားလုံးကို လူသတ်အကြမ်းဖက် PDF များက သတ်ဖြတ်သွား

သြဂုတ် ၁၃

        ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊အမှတ်(၂ )ရပ်ကွက်၊ ကျွန်းလှမြို့အထွက် အင်ကြင်းဥယျာဥ်အနီး ဦးအောင်မောင်း၏နေအိမ်တွင် ဇီးကုန်းတိုက်နယ်၊ ဘူးကုန်းကျေးရွာမှ ညီဖြစ်သူ ဦးမြင့်ဆွေ အပါဝင်မိသားစုဝင် ၆ ဦးသည် ကျေးရွာတွင် လူသတ်အကြမ်း ဖက် PDF အဖွဲ့၏ခြိမ်းခြောက်ခံရမူကြောင့် လာရောက်တိမ်းရှောင်နေစဥ် အကြမ်းဖက် PDF အဖွဲ့များ၏ သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သိရသည်။

        ဖြစ်စဥ်မှာ ယနေ့ နံနက်ပိုင်းတွင်ဦးအောင်မောင်း၏ မိသားစုဝင်များသည် ညီဖြစ်သူ ဦးမြင့်ဆွေ တို့ မိသားစု တည်းခိုနေထိုင်ရာ နေအိမ်သို့ အလုပ်သမားများနှင့် အတူကားဖြင့် စပါးသွားရောက်ထားသိုရာ ၎င်းးနေအိမ်တွင် ညီဖြစ်သူမိသားစုဝင်များ အသတ်ခံထားသည်ကိုတွေ့ရှိခဲ့ပြီး သက်ဆိုင်လုံခြုံရေးအဖွဲ့အားအကြောင်းကြားခဲ့ကြောင်း၊ လုံခြုံရေးအဖွဲ့က စစ်ဆေးခဲ့ရာ ဦးမြင့်ဆွေ၊ ၄၆ နှစ်၊ (ဘ) ဦးကောင်း၊လည်ပင်းပြတ်ရှဒဏ်ရာ(သေဆုံး)၊ ဇနီးဒေါ်ကြည်ဌေး၊ ၅၅ နှစ်၊(ဘ) ဦးလှစိန်၊လည်ပင်းပြတ်ရှဒဏ်ရာ (သေဆုံး) ၊ သားဖြစ်သူကိုစိုးမြင့်လွင်ဦး၊ ၃၂နှစ်၊(ဘ) ဦးမြင့်ဆွေ လည်ပင်းပြတ်ရှဒဏ်ရာ၊ယာဘက်ရင်အုံထိုးသွင်းဒဏ်ရာ(သေဆုံး)၊ ဇနီးမဖြိုးသီရိလှိုင်၊ ၃၁ နှစ်၊(ဘ)ဦးခင်ဇော်၊ ကျန်းမာရေးဝန်ထမ်း (သား ဖွားဆရာမ)လည်ပင်းပြတ်ရှဒဏ်ရာ၊ယာဘက်ရင်အုံထိုးသွင်းဒဏ်ရာ(သေဆုံး)၊ မမာမာလင်း၊၃၈ နှစ်၊(ဘ) ဦးအောင်မောင်း လည်ပင်းပြတ်ရှဒဏ်ရာ(သေဆုံး)၊ ကျန်ရစ်သူသမီးမဂျုးနဒီလွင်ဦး ၂ နှစ်ခွဲ(အသတ်မခံရ)ကိုတွေ့ရှိခဲ့ရကြောင်း သိရှိရပါသည်။

    သက်ဆိုင်လုံခြုံရေးအဖွဲ့မှသေဆုံးသူများ၏ရုပ်အလောင်းအားကန့်ဘလူမြို့ဆေးရုံသို့လူမူကူညီရေးကားများဖြင့် ပို့ဆောင်ကာ အမူမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN