အကြမ်းဖက်သောင်းကျန်းသူ KNU / PDF ပူး ပေါင်းအဖွဲ့က ကော့ကရိတ် – မြဝတီ အာရှလမ်း လုံခြုံရေး ဆောင်ရွက်နေသည့် နယ်မြေလုံခြုံ ရေးတပ်ဖွဲ့ ကို လာရောက်နှောက်ယှက်ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူ တစ်ဦး လက်နက်ငယ်ကျည်ထိမှန် မစိုးရိမ်ရ ဒဏ်ရာရ

သြဂုတ် ၁၂

       ယနေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ချိန်ခန့်တွင်  အကြမ်းဖက်သောင်းကျန်းသူ KNU / PDF ပူး ပေါင်းအဖွဲ့ (ကျားဖြူစစ်ကြောင်း)မှ ရုံးအဖွဲ့မှူးအဆင့်ရှိ သိန်းဦး (ခ)ဆေးမှူး ခေါင်းဆောင်သည့်  အင်အား ၄၀ ဦးခန့်သည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အံဖကြီးကျေးရွာ ဘုရားကုန်းဘက်မှ ကမိုင်ကုန်းကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး  ကမိုင်ကုန်းလမ်းဆုံ ဒေါနအလှရေကူးကန်တွင်အခြေပြု၍ ကော့ကရိတ် – မြဝတီ အာရှလမ်း လုံ ခြုံရေးဆောင်ရွက်နေသည့် နယ်မြေလုံခြုံ ရေးတပ်ဖွဲ့ အနီးတဝိုက်ကို  လက်နက်ငယ်/၄၀ မမ၊ တရုတ်စက်လက်တို့ဖြင့် ​နှောက်ယှက်ပစ်ခတ်ခဲ့ကြောင်း၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့ကလည်း ပြန် လည်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ရန်သူပစ်ခတ်မှုရပ်တန့်သွားခဲ့ပြီး ကမိုင်ကုန်းကျေးရွာ ဘက်သို့ ပြန်လည်ဆုတ်ခွာ အခြေပြုလျက်ရှိကြောင်း သိရပါသည်။

        ထိုသို့ ထိတွေ့ပစ်ခတ်မှုဖြစ်စဉ်တွင် အကြမ်း ဖက်သောင်းကျန်းသူ KNU / PDF ပူး ပေါင်းအဖွဲ့ ဖက်၏ ထိခိုက်မှု(စုံစမ်းဆဲ)နှင့် နယ်မြေလုံခြုံရေးတပ်ဖွဲ့ဖက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။

      အဆိုပါ အကြမ်း ဖက်သောင်းကျန်းသူ KNU / PDF ပူး ပေါင်းအဖွဲ့၏ လာရောက်နှောက်ယှက်ပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့၊ အမှတ်(၂)ရပ် ကွက်၊ ဘုရင့်နောင်းလမ်း ရှိ ဘိလိယက်ခုံအနီးတွင် စကားပြောနေသည့် ဦးသိန်းထူး၊ ၄၈ နှစ်၊ (ဘ)ဦးရဲထွန်း၊ ဗမာ/ဗုဒ္ဓ၊ ဆိုင်ကယ်တက္ကစီမောင်း၊ မြို့တော်ဦးရပ်၊အမှတ်(၂) ရပ်ကွက်၊ ကော့ကရိတ်မြို့နေသူကို လက်နက်ငယ်ကျည် ထိမှန်ခဲ့ရာ ယာလက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့ပြီး ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN