မတ္တရာမြို့နယ်၊ကျောက်တံတားကျေးရွာရှိ ရွှေတံတားလူမှုကူညီရေးအသင်းဥက္ကဌ ကို လူသတ်အကြမ်းဖက်သမား PDF များ အကြောင်းမဲ့ ေသနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

သြဂုတ် ၁၂

       မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊လမိုင်းကျေးရွာအုပ်စု၊ကျောက်တံတားကျေးရွာရှိ ရွှေတံတားလူမှုကူညီရေးအသင်းဥက္ကဌ ဦးမြင့်၊၆၆နှစ်၊(ဘ)ဦးရုံ၊ကျောက်တံတားကျေးရွာနေသူသည် ယနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်တွင် ရွှေတံတားလူမှုကူညီရေးအသင်းရုံးရှေ့တွင် တစ်ဦးတည်းထိုင်နေစဥ် လူသတ်အကြမ်းဖက်သမား PDF ၄ဦး၊ ဆိုင်ကယ် ၂စီးဖြင့်ရောက်ရှိလာကာ လက်နက်ငယ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့ပသည်။

       သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဦးမြင့်တွင် ဦးခေါင်းထိပ် ကျည်ဖောက်ဝင်ပြီး မျက်နှာ ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ယာဂျိုစောင်း ကျည်ဖောက်ဝင်ပြီး နဖူးကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊နောက်စေ့ ကျည်ဖောက်ဝင်ပြီး နှာခေါင်းရိုး အလယ်တည့်တည့် ကျည်ဖောက်ထွက်ဒဏ်ရာ ၂ ချက်၊ဝဲ-လည်ပင်း ကျည်ဖောက်ဝင်ပြီး ယာပုခုံး ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ယာ-လည်ပင်း ကျည်ဖောက်ဝင်ပြီး ဝဲဂျိုင်းအောက် ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

      သေဆုံးသူ ဦးမြင့် မှာ သာမန်ပြည်သူတစ်ဦးဖြစ်ပြီး ရွှေတံတားလူမှုကူညီရေးအသင်းဥက္ကဌအဖြစ် ပရဟိ တလုပ်နေသူတစ်ဦးသာ ဖြစ် ကြောင်း၊ ယခုလို အကြမ်းဖက် PDF များ၏ လူမဆန်ရက်စက်စွာ သတ်ဖြတ်ခြင်းသည် မည်သည့်အကြောင်းကြောင့် ဖြစ်သည်ကို မသိရသေးကြောင်း၊ ပြည်ပြေးအကြမ်း ဖက်ဂိုဏ်းချုပ် NUG ရဲ့ လမ်းညွှန်မှုတွေကို အကောင် အထည်ဖော်ပေးနေသည့် ပြည်တွင်းအကြမ်းဖက် PDF များသည် ”စစ်အာဏာရှင်တော်လှန်ရေး” ဟူသော ခေါင်းစဥ် အောက်တွင် အပြစ်မဲ့အရပ်သားပြည်သူများကို ယခုလို သတ်ဖြတ်နေကြကြောင်း သိရပါသည်။

#PAN