ဖာပွန်မြို့ရှိ အစိုးရရုံးများ နှင့် ဝန်ထမ်းအိမ်ယာများကို အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့များက ဗုံးခွဲဖျက်စီးခဲ့

သြဂုတ် ၁၂

       ယမန်နေ့ ည ၁၁ နာရီ အချိန်ခန့်တွင် ကရင်ပြည် နယ်၊ဖာပွန်မြို့ရှိ အစိုးရရုံးများနှင့် ဝန်ထမ်းအိမ်ယာများကို အကြမ်းဖက်သောင်းကျန်းသူ KNU နှင့်  PDF ပူးပေါင်းအဖွဲ့များက ဗုံးခွဲဖျက်စီးခဲ့ကြောင်း၊ ၎င်း ဖြစ်စဥ်​နေရာကို တာ၀န်ရှိသူများက  ရှင်းလင်းမှုများ ပြုလုပ်ရာ လဝကရုံးတွင်း၌ ဖောက်ခွဲရ​မှုမရှိသေး​သည့် မိုင်း ၄ လုံး​အား တွေ့ရှိ ရှင်းလင်းခဲ့​ကြောင်း သိရှိရပါသည်။

       ထိုသို့ ဗုံးခွဲဖျက်စီးခဲ့မှုကြောင်း ဖာပွန်မြို့ရှိ အစိုးရရုံးများဖြစ်သော ခရိုင်လဝကရုံး၊ စာရင်း စစ်ရုံး ၊ အခွန်ရုံး၊ ထွေအုပ် ဝန်ထမ်းအိမ်ယာ၊ လဝကခရိုင်မှုူးနေအိမ်တို့ ပျက်စီးခဲ့ပြီး လူ ထိခိုက်သေဆုံးမှု မရှိကြောင်း သတင်းရရှိပါသည်။

       ဖာပွန်မြို့ရှိ အစိုးရဝန်ထမ်းများမှာ အကြမ်း ဖက်သောင်းကျန်းသူ KNU ၏ ခြိမ်းခြောက်မှုများကြောင့် မနေရဲကြဘဲ ရှောင်နေကြကြောင်း၊ မြို့ပေါ်တွင် ဖာပွန်တပ်နယ်မှ တပ်ရင်းတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများသာ ကျန်ရှိကြောင်း၊ အစိုးရရုံးများ၊ ဝန်ထမ်းအိမ်ယာများတွင် လူ၊ ပစ္စည်းများ မရှိကြတော့ကြောင်း၊ အစောင့်များလည်း မရှိကြသဖြင့် ယခုဖောက်ခွဲရာတွင် အလွယ်တကူနှင့် အဆောက်အဦ အခွံများကို ဖောက်ခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#PAN