“ထိုင်းနိုင်ငံ Move Forward ပါတီ၏ ခေါင်းဆောင် Pita က ထိုင်းတရားရုံးစီရင်ချက် စောင့်ဆိုင်းနေစရာမလိုဘဲ ထိုင်းပါလီမန်တွင် ဝန်ကြီးချုပ် ရာထူး အဖြစ် အမည်စာရင်း တင်သွင်း နိုင်လိမ့်လို့ ယုံကြည်နေကြောင်း ပြောဆိုခဲ့”

သြဂုတ် ၁၁

ထိုင်းနိုင်ငံ Move Forward ပါတီ (MFP)၏ ခေါင်းဆောင် Pita Limjaroenrat က တရားရုံးစီရင်ချက်ကို စောင့်ဆိုင်းနေစရာမလိုဘဲ ထိုင်းပါလီမန်တွင် ၀န်ကြီးချုပ်ရာထူးအဖြစ် အမည်စာရင်း တင်သွင်းနိုင်လိမ့်မည်လို့ ယုံကြည်ကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၁၀ရက် ကြာသပတေးနေ့ တွင် ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်ခြင်းဆိုင်ရာ အခြေအနေများ မပြောင်းလဲပါက လွှတ်တော်မှပယ်ချထား ပြီးဖြစ်သည့် အဆိုကို ပြည်သူ့လွှတ်တော် စည်းမျဉ်းအရ ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်နေ့က ပါလီမန်အမတ်များနှင့် ဆီးနိတ်အမတ်များက ပီတာအား ဝန်ကြီးချုပ် ရာထူးမှ ခန့်အပ်ခြင်းကို အစောပိုင်းက ပယ်ချခဲ့ပြီးလည်းဖြစ်ပါတယ်။

ပီတာ၏ ဝန်ကြီးချုပ် အသစ် ခန့်အပ်နိုင်ရေး အမည်စာရင်းတင်သွင်းခြင်းကို ပယ်ချခဲ့သူများက အဆိုပါ ရာထူးအတွက် အမည်စာရင်းတင်သွင်းသည့် တစ်ဦးတည်းသော MFP ခေါင်းဆောင်သည် ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက် နေ့ကကျင်းပခဲ့သည့် ထိုင်း ပါလီမန် အစည်းအဝေးတွင် လိုအပ်သော စည်းမျဉ်းကို လိုက်နာသင့်တယ်လို့ စောဒကတက် ခဲ့ကြတာလည်းဖြစ်ပါတယ်။

သို့သော်လည်း မစ္စတာ Pita ၏ ထောက်ခံ သူများက အောက်လွှတ်တော် စည်းမျဉ်းသည် ဝန်ကြီးချုပ် ရွေးချယ်ရေး လုပ်ငန်းစဉ်များ ကိုကျင့်သုံးခြင်းမရှိကြောင်း အခိုင်အမာ ဆိုကာ အဆိုပါကိစ္စကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရားရုံးသို့ အဆိုတင်သွင်းခဲ့ပြီး စီရင်ချက်ချရန်အတွက် Ombudsman ရုံးမှတစ်ဆင့် တင်သွင်းခဲ့ ကြတာလည်း ဖြစ်ပါတယ်။

MFP ပါတီခေါင်းဆောင် ပီတာ အား ဝန်ကြီးချုပ်ဖြစ်ရေး ဆိုင်းငံ့ထားသည့် တရားရုံး ကိစ္စနှင့် ပတ်သက်သည့် မေးခွန်းများကို ဖြေကြားရာတွင် Mr Pita က တရားရုံး၏ ဆုံးဖြတ်ချက်ကို စောင့်စရာမလိုဘဲ အောက်လွှတ်တော် စည်းမျဉ်းများအရ စိန်ခေါ်သူအဖြစ် အမည်စာရင်းတင်သွင်းရန် အရည်အချင်းပြည့်မီဆဲလို့ ကျနော် ယုံကြည်ကြောင်း ပြောကြားခဲ့ တာလည်းဖြစ်ပါတယ်။

ထို့ကြောင့် MFP ပါတီက ရွေးကောက်ပွဲ ရလဒ်များကို နောက်ပြန် ဆုတ်ပြီး ညွန့်ပေါင်းအစိုးရဖွဲ့ရာတွင် ဦးဆောင်ခွင့် ပေးခဲ့ခြင်းကြောင့် ယခုအချိန်သည် သူ့ကို အမည်စာရင်းတင်ရန် ကြိုးပမ်းရမည့် အချိန်မဟုတ်ကြောင်းလည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။

သို့သော် မစ္စတာ Pita ကတော့တစ်နေ့မှာ အစိုးရတွင် ပါဝင်ခွင့်ရရန် မျှော်လင့်ချက်ရှိနေကြောင်းလည်း ပြောကြားခဲ့ပါတယ်။

“သူတို့အတွက် မျိုးဆက်သစ်တွေကို တိုင်းပြည်က လိုလားတယ်ဆိုရင်တော့ ကျနော် အဆင်သင့်ဖြစ်နေပါပြီ။ အဲဒါအတွက် ပြင်ဆင်ပြီးပြီ၊ ကျွန်တော်တို့နိုင်ငံ ဒီ့ထက် ပိုတိုးတက်နိုင်တယ်ဆိုတာကို ပြသချင်တာပါ။ အတိုက်ခံပါတီတွေအနေနဲ့ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်ကို သဘောကျတယ်ဆိုရင်တော့ ထိုင်းအစိုးရအဖွဲ့ကြီးအနေနဲ့ ပိုပြီးတော့ စွမ်းဆောင်နိုင်သွားမှာပါ” ဟု ၎င်းက သတင်းထောက်များကိုပြောကြားခဲ့တာလည်းဖြစ်ပါတယ်။