တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ ဘားအံမြို့နယ်၊သံလွင်တံတား(ဘားအံ)တွင် စစ်ကိုင်းတိုင်းသို့ပို့ဆောင်မည့် လက်နက်/ခဲယမ်းများကို တရားခံများနဲ့အတူ ဖမ်းဆီးရမိ

သြဂုတ် ၁၁

       ယမန်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊
သံလွင်တံတား(ဘားအံ)တွင် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ သံလွင်တံတားဂိတ်ရှိ လုံခြုံရေးပူးပေါင်းအဖွဲ့က မော်တော်ယာဥ်များကို စစ်ဆေးမှုများပြုလုပ်ရာ စစ်ကိုင်းတိုင်းသို့ပို့ဆောင်မည့် လက်နက်/ခဲယမ်းများကို တရားခံများနဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။

      နောက်ဆက်တွဲ ဆက်လက်ဖော်ထုတ်ဆောင် ရွက်ရန် ကျန်ရှိနေသေးသဖြင့် ဖမ်းဆီးရမိသည့် တရားခံနှင့် သက်သေခံမော်တော်ယာဥ်တို့ကို သတင်းဖော်ပြနိုင်ခြင်းမရှိသေးကြောင်း အဆိုပါ လုံခြုံရေးပူးပေါင်းအဖွဲ့ထံမှ သိရသည်။

       ထိုသို့ စစ်ဆေးဖမ်းဆီးရမိသော လက်နက်/ခဲယမ်းများမှာ M4 သေနတ် ၁ လက်၊ AK သေနတ် ၁ လက်၊ Sigsauer ပစ္စတို ၁ လက်၊ ZORAKI ပစ္စတို ၁ လက်၊ Glock ပစ္စတို ၆ လက်၊ ကျည်အိမ်မျိုးစုံ ၂၁ ခု၊ ၄၀ မမဗုံးသီး ၂၀ လုံး၊ ကျည်ဆံ ၉၀၀ တောင့် တို့ဖြစ်ကြောင်း သတင်းရရှိပါသည်။

      NUG ပြည်ပြေးအကြမ်းဖက်အဖွဲ့၏ ညွှန်ကြား ချက်အတိုင်း အကြမ်းဖက်လုပ်ရပ်များ ဖော်ဆောင်နေသည့် ပြည်တွင်း လူသတ်အကြမ်းဖက် PDF များကို ပြည်သူအများက ထောက်ခံမှု မရှိတော့ဘဲ ၎င်းတို့၏ အကြမ်းဖက်လှုပ်ရှားမှုများကို နီးစပ်ရာ လုံခြုံရေးအဖွဲ့များသို့ လျှို့ဝှက် သတင်း ပေးပို့လျှက်ရှိကြောင်း၊ ၎င်း အကြမ်းဖက် PDF များအနေဖြင့် ရပ်တည်ရန် ခက်ခဲလာနေကြောင်း သိရပါသည်။

#PAN