သြဂုတ် ၁၁
အမေရိကန်နိုင်ငံ၏ မဟာဗျူဟာမြောက် ဗဟိုထောက်လှမ်းရေးအေဂျင်စီ Central Intelligence Agency (CIA) ၏ စစ်ဘက်ဆိုင်ရာ နှင့် စက်မှု လုပ်ငန်း အဖွဲ့တစ်ခုတွင် အလုပ်လုပ်နေပြီး အရေးကြီးသော တရုတ်နိုင်ငံ၏ စစ်ဘက် ဆိုင်ရာအချက်အလက်များအတွက် အမေရိကန်သို့ ပေးပို့ကာ ငွေကြေးဖြင့် အလုပ်လုပ်ပေး နေသည့် တရုတ်နိုင်ငံ အမျိုးသားတစ်ဦးကို ထောက်လှမ်းမိခဲ့ကြောင်း တရုတ် နိုင်ငံ ပိုင်ရုပ်သံဌာနက ယနေ့ သောကြာနေ့တွင် ဖော်ပြပြောဆိုခဲ့ပါတယ်။
အဆိုပါ တရုတ်လူမျိုး အမျိုးသား သည် အမေရိကန် နိုင်ငံ ဗဟိုထောက် လှမ်းရေးအေဂျင်စီ (CIA) သူလျှိုဖြစ်ကြောင်း တရုတ်အစိုးရ ၏ လုံခြုံရေးအဖွဲ့များက ယနေ့ ထုတ်ဖော် ပြောကြား လိုက်တာ လည်းဖြစ်ပါတယ်။
Zeng အမည်ရှိ တရုတ်အမျိုးသားတစ်ဦးသည် “လျှို့ဝှက်” အဖြစ် CIAအဖွဲ့အစည်း၏ စစ်ဘက် စက်မှုလုပ်ငန်းအဖွဲ့ တွင် အလုပ်လုပ် ခဲ့ပြီး ငွေကြေးနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များ လဲလှယ်နိုင်ရန်အတွက် ဝါရှင်တန်(အမေရိကန်) သို့ “ထောက်လှမ်းရေးအချက်အလက်အမြောက်အမြား” ပေးပို့နိုင်ရန် ကမ်းလှမ်းခဲ့ကြောင်း တရုတ် အာဏာပိုင်များ၏ ပြောကြားချက်အရ သိရပါတယ်။
ထို့နောက် Zeng ကို အီတလီနိုင်ငံသို့ ဆက်လက်လေ့လာရန် စေလွှတ်ခဲ့ပြီး အီတလီရှိ အမေရိကန်သံရုံးမှ တာဝန်ရှိသူတစ်ဦးနှင့် တွေ့ဆုံကာ တဖြည်းဖြည်း ရင်းနှီးလာခဲ့ကြတာလည်းဖြစ်ပါတယ်။
Zeng သည် ဝါရှင်တန်နှင့် ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်နိုင်ငံသို့ ပြန်လာခဲ့ပြီးနောက် သူလျှိုလုပ်ငန်းများကို လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
သတင်းဌာနများကတော့ အသေးစိတ် သတင်းအချက်အလက်များ ဖော်ပြခြင်းမရှိဘဲ Zeng အား “အရေးယူမှုများ” လုပ်ဆောင် ခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်များကို ကိုးကားပြီး ဖော်ပြပြောဆိုထားကြပါတယ်။