စစ်ကိုင်းမြို့နယ်၊ကျောက်ဆည်ကုန်းကျေးရွာ ဆန်းစက်ပိုင်ရှင် တစ်ဦး အလှူငွေဆက်လက်မထောက်ပံ့၍အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်‌ ဆောင်သွား

သြဂုတ် ၁၁

       ယမန်နေ့ည ၉ နာရီအချိန်ခန့်တွင်  စစ်ကိုင်း တိုင်းဒေသကြီး၊စစ်dကိုင်းမြို့နယ်၊ကျောက်ဆည်ကုန်းကျေးရွာ ဆန်းစက်ပိုင်ရှင် တစ်ဦးကို အကြမ်းဖက် PDFအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါသည်။

        အဆိုပါ ဆန်စက်ပိုင်ရှင် ဦးထွန်းလွင်ကို လူသတ်အကြမ်းဖက် PDFအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားရာတွင် ၎င်းနှင့်အတူ ကား ၂ စီးပါ ယူဆောင်သွားကြောင်းသိရပါသည်။ ယင်းရွာခံများ၏ ပြောဆိုချက်အရ ဦးထွန်းလွင်သည် NLD အားပေးထောက်ခံသူဖြစ်ကြောင်း၊ အကြမ်းဖက် PDF အဖွဲ့ကို ထောက်ပံမှုများပြုလုပ်ပေးနေသော်လည်း စီးပွားရေးအခြေအနေအရ ဆက် လက်မထောက်ပံ့နိုင်တော့သဖြင့် ယခုလို ဖမ်းဆီရခြင်းဖြစ်ကြောင်း အဆိုပါရွာမှ ပြည်သူများကယူဆနေကြောင်း ကြားသိရပါသည်။

        အလားတူဖြစ်စဉ်မျိုး ရွှေဘိုမြို့နယ်တွင်လည်း အကြမ်းဖက် PDF အဖွဲ့ကို ထောက်ပံ့အလှူငွေထည့်နေသော ဆန်းစက်ပိုင်ရှင် ၁ ဦးကို အကြမ်းဖက်အဖွဲ့ မိုးကြိုးမုန့်တိုင်းပြောက်ကြားအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ပစ်လိုက်သည့်အတွက် ၎င်းမိုးကြိုးမုန့်တိုင်းအဖွဲ့ဝင် ၁၆ ဦးကို ရွှေဘိုခရိုင်အကြမ်းဖက် PDF အဖွဲ့က အင်အားသုံးဖမ်းဆီးကာ ၁၆ ဦးစလုံးကို လက်စဖျောက် သုတ်သင်ရှင်းလင်းလိုက်သည့် ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့သေးကြောင်း သိရပါ သည်။

#PAN