ငါန်းဇွန်မြို့နယ်တွင် ရဲတပ်သားတစ်ဦး၏ ဖခင်ကို လူသတ်အကြမ်းဖက် PDF များက သားအစား ဖခင်ဖြစ်သူကို သတ်ဖြတ်ခဲ့

ငါန်းဇွန်မြို့နယ်တွင် ရဲတပ်သားတစ်ဦး၏ ဖခင်ကို လူသတ်အကြမ်းဖက် PDF များက သားအစား ဖခင်ဖြစ်သူကို သတ်ဖြတ်ခဲ့
**********************************
သြဂုတ် ၁၁

        ယမန်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင်
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊အမှတ် (၂)ရပ်ကွက်၊အမှတ်(၂)ကျွန်းပေါ်မှ သေနတ်ပစ်ခတ်သံကြားရသဖြင့် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ ဦးသက်ဖုန်းမြင့်၊၄၇နှစ်၊(ဘ)ဦးမြဆောင်၊အမှတ် (၃)ရပ်ကွက်၊ငါန်းဇွန်မြို့နယ်နေသူတွင် ဦးခေါင်းနောက်စေ့မှ ကျည်ဖောက်ဝင်ပြီး ဦးခေါင်းဝဲဘက်ခြမ်း ကျည်ဖောက်ထွက်ဒဏ်ရာ ၁ချက်၊မေးစေ့ ၂ လက်မခန့် စုတ်ပြဲဒဏ်ရာ ၁ ချက်၊ယာဘက်တံတောင်ဆစ် ကျည်ဖောက်ဝင်/ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ဝဲဘက်လက်ဖျံ ကျည်ဖောက်ဝင်/ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ဝဲဘက်လက်ဖျံ ၃ လက်မခန့် စုတ်ပြဲဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။

       ဖြစ်စဥ်အား စုံစမ်းခဲ့ရာ ယမန်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် သေဆုံးသူ ဦးသက်ဖုန်းမြင့်သည် တစ်ရွာတည်းနေ မောင်ပြေတီဦး၊၁၆ နှစ်၊(ဘ)ဦးဝင်းဦးနှင့်အတူ အမှတ်(၂)ကျွန်းပေါ်ရှိ စားကျက်၌ လွှတ်ထားသော နွားများအား ပြန်လည်သိမ်းဆည်းရန် သွားရောက်စဥ် အမည်မသိ အကြမ်းဖက်သမား ၃ ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး မောင်ပြေတီဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သတင်းရရှိသည်။

      သေဆုံးသူ ဦးသက်ဖုန်းမြင့်၏သားဖြစ်သူ ဥာဏ်ထက်ပိုင်မှာ ရဲတပ်သားတစ်ဦးဖြစ်ပြီး အကြမ်းဖက်သမားများက သားဖြစ်သူ ရဲတပ်ဖွဲ့ဝင် ကို မသတ်ဖြတ်ရသောကြောင့် ၎င်း၏ ဖခင်ဖြစ်သူကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ပြောကြားအရ သိရှိရပါသည်။

     PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် အပြစ်မဲ့ပြည်သူပေါင်း ထောင်နှင့်ချီ၍ ခေါင်းစဥ်အမျိုမျိုးဖြင့် သတ်ဖြတ်ခဲ့ကြသည်ကို ယခုအခါ ပြည်သူအများစုက သဘောပေါက်နားလည်ကြပြီး ၎င်းအကြမ်းဖက်အဖွဲ့များကို တစ်နေ့တစ်ခြား ရွံရှာစက်ဆုပ်မုန်းတီးလာကြကြောင်း သိရသည်။

#PAN